twenty one

7.8K 693 38
                                    

Zawgyi


"Kookie ကလေးလို မဆိုးနဲ့လေ....ကလေးက အခုဆိုရင် Tae Hyung နဲ့ လူသိရှင်ကြား လက်ထပ်ထားတဲ့သူ....မနေ့ကလည်း Tae Hyung လာခေါ်ပြီးပြီ....အခုလို အိမ်ပေါ်က ဆင်းလာတာ Sanchoon လည်းမကြိုက်ဘူး....ဒီနေ့ လာခေါ်ရင် ပြန်လိုက်သွား......''

Jung Kook မနေ့က Namjoon နှင့်အတူ အိမ်ကိုရောက်လာတာ။

အရမ်းကို ငိုယိုရင်း ပြောပြသမျှနားထောင်းရတာ အားလုံးအတွက် စိတ်မကောင်းစရာ စိတ်ရှုပ်ထွေးပင်ပန်းဖွယ်ရာတွေသာ ဖြစ်နေတော့သည်။

ပြသနာက သေးသေးလေမဟုတ် Jung Kook အိမ်ပေါ်က ဆင်းသွားတဲ့ သတင်းက Tae Hyung ရဲ့ Appa နဲ့ Omma ဆီကို ချက်ချင်းရောက်ပြီး အခုဆိုရင် အိမ်ကို လူဆုံတက်ဆုံရောက်နေကြပြီဖြစ်သည်။

Hoseok ကတော့ သူ့တူကလေးဆန်တာကို သိသဖြင့် ပြန်စကားကိုသာပြောသည်။

Tae Hyung ရဲ့ Appa နဲ့ Jung Kook ရဲ့ Appa ကတော့ တစ်ခုခုကိုလေးလေးနက်နက်တွေးနေသလို ငြိမ်ပြီးနားထောင်နေကြသည်။

"ဒီကောင့်ကို မေးရမယ်......''

Tae Hyung ရဲ့ Appa က ဒေါသဖြင့်ပြောခိုက် Jung Kook ကတော့ ခေါင်းလေးခါ၍ မျက်ရည်တွေ တအိအိပြိုကျနေရင်းမှ......

"သူ Kookie နဲ့ လက်ထပ်ထားပြီးတော့ အခုတော့ သူ့ရည်းစားဟောင်းနဲ့ ပြန်ဆက်သွယ်နေတယ်.....Kookie ကို အစကတည်းက မယူချင်ဘူးဆိုရင်လည်း ပြောပါလား....သူမှာ ရည်းစားဟောင်းကြီးရှိနေသေးတယ်ဆိုရင်လည်း ပြောပါလား.....အခုတော့ Kookie က သက်သက်မဲ့ အလိမ်ခံလိုက်ရတာ.......''

Jung Kook ငိုငိုပြီးပြောနေတော့ သူ့ Appa ကလည်း ခပ်ငေးငေးကြည့်နေရင်း တစ်ခုခုကို တွေးသလို ဖြစ်နေသည်။

ခဏကြာတော့ အိမ်ရှေ့မှ ကားသံကြောင်း အားလုံးခေါင်းထောင်ကြည့်မိကြသည်။

အိမ်ထဲကို ရေးကြီးသုတ်ပြာ ပြာယိပြာယာနှင့် ဝင်လာသူက Tae Hyung။

ထိုအခါမှ Jung Kook ရဲ့ Appa က မတ်တပ်ရပ်လိုက်ရင်းမှ.....

"Jungkokie Appa သိပ်မပြောချင်ဘူး....အခုက အိမ်ထောင်တစ်ခုကို တည်ထောင်ပြီးသွားပြီး.....ကွဲမယ်ကွာမယ်ဆိုတဲ့ အသံတွေ Appa ထပ်မကြားချင်ဘူး....လေးလေးနက်နက်နဲ့ စဉ်းစားဆုံးဖြတ်ကြ.....''

Char Tate (Completed)Where stories live. Discover now