twenty

7.4K 706 61
                                    



Zawgyi


"အဟင့်!..."

"ရွှတ်..အဟင့်!!..."

တအိအိ တစ်ရှုပ်ရှုပ် ငိုသံလေးကြောင့် သူ့မျက်လုံးများပွင့်လာခဲ့သည်။

ဘယ်ကကလေး လာငိုနေတာပါလိမ့်။

ပျင်းပျင်းရှိတာနဲ့ လူရှင်းတဲ့ ပန်းခြံတစ်နေရာက ခုံတန်းလေးမှာ စိတ်အေးလက်အေး လာထိုင်နေရာက အိပ်ပျော်သွားတာဖြစ်သည်။

ဘေးကိုကြည့်လိုက်တော့မှ သူထိုင်နေတဲ့ ခုံရဲ့ အစွန်းမှာ ထိုင်နေတဲ့ ခပ်သေးသေးခန္တာကိုယ်လေးတစ်ခု။

ဒူးအထက် ဘောင်းဘီအဖြူလေးနှင့် အဖြူရောင် အင်္ကျီဖားဖားကြီးတစ်ထည်ကို ဝတ်ထားကာ မျက်နှာကို လက်သေးသေးလေးနှစ်ဖက်နှင့် အုပ်ကာထားလျှက် ငိုနေတာဖြစ်သည်။

ငိုနေတာကြောင့် ခပ်သေးသေး ခန္တာကိုယ်လေးပင် တစ်ချက်တစ်ချက် တုန်ခါသွားသယောင်။

"အဟင့်!!...."

"ရော့...ငိုနေတာ လူမြင်လို့မကောင်းဘူး.....''

ဘေးဘက်မှ အသံကြောင့် Jung Kook ငိုသံလေးရပ်သွားကာ ကြည့်လိုက်တော့ လက်ကိုင်ပဝါအဖြူလေးတစ်ထည်ကို ကမ်းပေးနေတဲ့ ရှည်သွယ်သွယ် လက်တစ်စုံ။

လက်ကိုင်ပဝါကို လှမ်းယူပြီး မော့ကြည့်လိုက်တော့....

"ဟင်! Ar....Arjishi....''

"ယုန်ပေါက်လေး.....''

ထိုကလေးရော သူရော နှစ်ယောက်သား တအံ့တသြနှင့် အတန်ကြာသည့်အထိ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်မိနေကြသည်။

အတန်ကြာတော့ သူ့ဘက်ကဘဲ စပြီး.....

"ယုန်ပေါက်လေး ဘာဖြစ်လို့ ငိုနေတာလဲ.....''

သူ့အမေးကို ထိုကလေးကပြန်မဖြေဘဲ ခေါင်းလေးငုံ့သွားသည်။

ပြီးမှ ခေါင်းလေးပြန်မော့ကာ သူ့ကိုကြည့်လာပြီး....

"Arjishi Joon က ဘယ်လိုလုပ် ဒီရောက်နေတာလဲ....Japan မှာ မဟုတ်ဘူးလား......''

"ကိုယ် Japan က ပြန်ရောက်တာ သိမ်မကြာသေးဘူးကွ....ပြောပါအုံး Wuri ယုန်ပေါက်လေးက ဘာလို့ ဒီမှာတစ်ယောက်ထဲ လာငိုနေတာလဲ.....''

Char Tate (Completed)Where stories live. Discover now