fifteen

10.4K 810 160
                                    


Zawgyi


နေရောင်ဖြဖြက ပြတင်းမှန်မှ တစ်ဆင့် အခန်းအတွင်းသို့ မှိန်ဖျဖျ ကျရောက်နေသည်။

အခန်းလေး အတွင်းမှာ အိပ်ပျော်နေသော လူသားနှစ်ဦး။

တစ်ယောက်သော ကောင်လေးက ခပ်သေးသေး ကောင်လေးကို ရင်ခွင်ထဲထည့်၍ တင်းတင်းကြပ်ကြပ် ဖတ်ထားသည်။

မျက်နှာထက်သို့ နေရောင်ကျရောက်လာသောကြောင့် Tae Hyung နိုးလာခဲ့သည်။

စေ့စေ့တွေးရင် ရေးရေးပေါ်သလို ညကအကြောင်းကို ပြန်တွေးမိရင်း ပြုံးလိုက်မိသည်က လှိုက်လှိုက်လဲလဲ။

ချာတိတ်က ညက အရမ်းချစ်ဖို့ ကောင်းလွန်းနေသည်။

အခုများတော့ ဒီကလေး အရမ်းပင်ပန်းသွားသည် ထင်ပ သူ့ရင်ဘက်ကို မျက်နှာမူကာ ခပ်ကွေးကွေး အိပ်ပျော်နေသည်မှာ နှစ်နှစ်ခြိုက်ခြိုက်။

ချစ်ဖို့ကောင်းလိုက်သည့် ဖြစ်ချင်း။

နှုတ်ခမ်းရဲရဲလေးက ညက သူ့အနမ်းတွေကြောင့် သာမန်ထက် ဖူးပြည့်နေသယောင်။

လည်တိုင်ဖွေးဖွေးနှင့် ရင်ဘက်တွေမှာပါ မကျန် နီညိုရောင် အမှတ်အသားတွေကြောင့် အိပ်ယာက နိုးရင်တော့ ဘယ်လောက်တောင် သောင်းကျန်းအုန်းမည်မသိ။

မတက်နိုင်။

နောက်အခါလာ နောင်အခါဈေးပေါ့။

သူ့လှုပ်ရှားမှုကြောင့် အနည်းငယ် လူးလွန့်သွားတဲ့ ချာတိတ်ကြောင့် ခေါင်းလေးကို ခေါင်းအုံးထက် အသာချပေးလိုက်သည်။

တော်သေးတယ် မနိုးသွားလို့။

နှုတ်ခမ်းလေးကို တစ်ချက်နမ်းလိုက်ကာ စောင်လေးထပ်ခြုံ ပေးပြီးတော့မှ ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။

ရေမိုးချိုး အဝတ်အစားလဲပြီး ပြန်ထွက်လာတော့ ချာတိတ်က အိပ်ယာပေါ်မှာ အိပ်ချင်မူးတူး မျက်လုံးတွေ မဖွင့်သေးဘဲ ထိုင်လျှက်သား။

သူ ချာတိတ်ဘေးမှာ ဝင်ထိုင်လိုက်တော့ မျက်လုံးတွေ ပုတ်ခတ်ပုတ်ခပ်နှင့် ပြန်ဖွင့်ကြည့်ပြီး ပြန်မှိတ်သွားပြန်သည်။

Char Tate (Completed)Where stories live. Discover now