four

11.9K 1.1K 63
                                    

Zawgyi



"မင်းက တစ်ခုခု မလုပ်ဘဲနဲ့တော့ ကလေးက မင်းကိုက်လိုက်မလား....နောက်အဲ့လိုမလုပ်ပါနဲ့..... ''

အိမ်ပြန်ရောက်တော့ သူ့လက်က သွားကိုက်ရာ အကွင်းလိုက်ကြီးကို တွေ့ပြီး ဟိုကလေးကိုက်လိုက်ကြောင်းပြောတော့ Appa က သူ့ကို စီးဟောက်သည်။

Omma ကလည်း ဘေးကနေ ထောက်ခံသည့် သဘောနှင့် ခေါင်းတစ်ညိတ်ညိတ် လုပ်နေသည်။

အကိုက်ခံပြီး ပြန်လာခဲ့ရတဲ့ သားအရင်း ဖြစ်သူကို မသနား ဟိုကလေးဘက်ကသာ လိုက်ပြောနေကြတဲ့ Omma နဲ့ Appa ကိုကြည့်ပြီး သူတရားကျမိသည်။

"မင်းအကျင့်အတိုင်း ဟောက်လားဟန်းလား သွားလုပ်လိုက်တယ်မှတ်လား...မှန်မှန်ပြောစမ်း....ဟိုနေ့ကသွားတွေ့ကတည်းက မျက်နှာကြော တည်ပြီးတော့ သူ့လုပ်စာကို ဟိုကလေးက ထိုင်စားနေရတဲ့ ပုံစံမျိုးနဲ့....မင်းလုပ်နေတာတွေကို ငါမမြင်ဘူးများမှတ်နေလား.....''


ရောက်ရောက်ချင်း ဧည့်ခန်းက ခုံမှာထိုင်လိုက်တာနှင့် လှိမ့်လှိမ့်ဆူနေတဲ့ Appa ကို သူဘာမှ ပြန်ပြော၍မရ။

ပြောရင်လည်း ဖြစ်မှာမှ မဟုတ်ပဲလေ။

Omma ကလည်း တစ်ခွန်းမှ ဝင်၍ ဖေးဖေးမမ ပြောပေးဖော်မရ။

Appa ဆူသမျှကို ဘေးက လှိမ့်ပြီး ခေါင်းညိတ်ထောက်ခံ ပေးနေသည့် အဖြစ်။

သူဤမျှ ဆူခံထိနေတာကို ဟိုချာတိတ်လေးသိလျှင် မည်မျှ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမည်မသိ။


"သားက သူ့ပုံစံလေးကို ချစ်လို့ စလိုက်တာပါ Appa ရာ....အဲ့ကလေးကိုက အရွယ်နဲ့ မလိုက်အောင်ကို စွာလွန်းနေတာ.....''

သူပြောတော့ Appa နဲ့ Omma ရဲ့ မျက်စောင်းက ဒိုင်းကနဲ သူထံရောက်လာသည်။

"အဲ့ဒါမှားလားကွ...မင်းက ဘယ်လိုသွားစလဲမှ မသိတာ....ကိုက်လိုက်တာတောင် နည်းသေးတယ်....''

ပြောမိမှ ပိုဆိုးသည့်အဖြစ်။

ပါစပ်ကို တင်းနေအောင် စေ့ပိတ်ချလိုက်တာပဲ အကောင်းဆုံးဟု နှလုံးပိုက်လျှက် Tae Hyung တစ်ယောက် ညိမ်နေလိုက်ရတော့သည်။

Char Tate (Completed)Where stories live. Discover now