seven

10.7K 983 71
                                    



Zawgyi


Jung Kook တစ်ယောက် Tae Hyung နမ်းသွားတဲ့ သူ့နှုတ်ခမ်းလေးကို ကိုင်ရင်း အိပ်ယာပေါ်မှာ လူးလိမ့်နေသည်။

ရင်တွေလည်း တဒိတ်ဒိတ် ခုန်ကာ မျက်လုံးထဲမှာ ထိုလူကြီး၏ ချောမောသော မျက်နှာက ပေါ်လာပြန်သည်။

ရှက်သလိုလို ရင်ခုန်သလိုလို ဖြစ်ကာ ပါးလေးနှစ်ဖက်ကို လက်ဖဝါး လေးနှင့် အုပ်ကိုင်ထားလိုက်မိသည်။

"လူယုတ်မာကြီး သူများ First Kiss လေးတော့ ပါသွားပြီး....''

တွေးရင်းတွေးရင်းနှင့် ရှက်ကာ အိပ်ယာပေါ်တွင် မှောက်လျှက် မျက်နှာကို ခေါင်းအုံးထဲ နှစ်ထားလိုက်သည်။

သူကလေးက အခုမှ သူ့ first kiss ပါသွားလို့ စိတ်ပူနေတယ်။

ဟိုကဖြင့် သူတောင်မသိလိုက်ဘဲ သိမ်းပိုက်ပြီးတာ ကြာပေါ့။

"Kookie..... ''

နာမည်ခေါ်ရင် Hoseok က အခန်းထဲ ဝင်လာသည်။

Jung Kook ရဲ့ အိပ်ယာပေါ်မှာ ဘေးတစောင်း ဝင်ထိုင်လိုက်ကာ....

"ကလေး ထမင်းစားမယ်.... Sanchoon ကလေးကြိုက်တဲ့ ဟင်းတွေချက်ထားတယ်....''

ဘားမှ ပြန်မဖြေတဲ့ Jung Kook ပုခုံးလေးကို လှုပ်ရင်း ဆွဲထူလိုက်သည်။

"ကလေး အောက်မှာ Hyung လည်းစောင့်နေတယ်.....''

"မစားဘူး....လာမခေါ်နဲ့....''

"Wuri Kookie လေးက Sanchoon ကို စိတ်ကောက်နေတာလား.....''

"ဟုတ်တယ် လာမခေါ်နဲ့ မစားဘူး.....''

"မစားလို့ မရဘူးလေး...မနက်ကလည်း ဘားမှမစားဘူး...နေမကောင်းဖြစ်မှာပေါ့....Hyung က နောက်မလုပ်ခိုင်းတော့ဘူးတဲ့ Sanchoon ပြောထားပေးတယ်.....''

Hoseok ပြောလိုက်တာကြောင့် Jung Kook မျက်နှာလေး ဝင်းလက်ကာ ဝမ်းသာအားရလေး ဖြစ်သွားကာ.....

"တ...တကယ်ပြောတာနော် Hoseokie..... ''

"အင်း....တကယ် လာသွားရအောင်..... ''

ဒီကလေး စိတ်ကောက်ပြီး မစားမသောက်ဘဲ နေလျှင် သူပဲ ဆိုးရိမ်နေရတာဖြစ်သည်။

Char Tate (Completed)Where stories live. Discover now