ten

10.1K 914 45
                                    



Zawgyi


"ပြောလိုက်ရင် ခင်ဗျားအပူမပါဘူး ခင်ဗျားအပူမပါဘူးနဲ့ ပြန်စွာဖို့ ဘယ်တုန်းကမှ နောက်ကျတယ်ကို မရှိဘူး.....အခု နေမကောင်းဖြစ်တော့ ကိုယ်ပဲ ပူနေရပြီး....ဒါတောင် မနေ့ညက အတင်း အခန်းထဲကို ခေါ်သွင်းလို့....မဟုတ်ရင် ဘယ်အချိန်ထိ ထိုင်ပြီး နက္ခတ် တာယာ ကြည့်နေမလဲ မသိဘူး.....''

နေမကောင်း ဖြစ်နေရသည့်ကြားထဲ ဆူလိုက်ပူလိုက်နှင့် ကြာလာတော့ Jung Kook ခေါင်းတွေ နောက်ကျိလာရသည်။

"ဟွန်း....လေတိုက်ထဲပဲနေနေ ရေထဲပဲ စိမ်စိမ် မီးပဲ လှုံလှုံနဲ့ စကားကျတော့ အသားကျအောင် ပြောတက်တယ်...အခုတော့ နေမကောင်း ဖြစ်နေပြီမဟုတ်လား.....''

ညက သူလည်း ချာတိတ် ဘေးမှာ မှေးခနဲ အိပ်ပျော်သွားပြီးမှ ဘေးက တအင်းအင်းညည်းသံကြောင့် မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ချာတိတ်တစ်ယောက် စောင်ပုံထဲမှာ ကွေးကွေးလေး အဖျားတက်နေတာဖြစ်သည်။

တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနှစ်ကာ သတိလစ်သလို ဖြစ်နေတဲ့ ချာတိတ်ကြောင့် သူ့မှာ အတော်ပင် ထိတ်လန့်သွားခဲ့ရသည်။

Omma ကို ဖုန်းဆက်ပြီး မေးရင်လည်း ဂရုမစိုက်ရကောင်းလားဆိုပြီး ကိုယ်ပဲ အဆူခံရမည်။

မနက် သုံးနာရီလောက်ကြီး အသိ အကိုဆရာဝန် တစ်ယောက်ဆီကို အသဲအသန်ဖုန်းဆက်ပြီး မေးရသည်။

ချွေးတွေ ရွှဲနှစ်နေသည့် အဝတ်အစားတွေကို လဲပေးလိုက်ကာ ရေပတ်တိုက်ပေးပြီး နဖူးပေါ်မှာ ရေခဲဝတ်လေး တင်ပေးထားလိုက်တော့မှာ ညည်းသံလေး ပျောက်ပြီး ပြန်အိပ်ပျော်သွားခဲ့တာ ဖြစ်သည်။

သူမှာလည်း တစ်ညလုံး ကောင်းကောင်းမအိပ်ရသေးပဲ ခေါင်းမာတဲ့ ချာတိတ်ကိုသာ စိတ်ပူနေရသည်။

ညက အခန်းထဲ အတင်းခေါ်သွင်းမိတဲ့ ကိုယ့်ကိုကိုယ်ပင် ပြန်ပြီး ကျေးဇူးတင်နေရသည့် အဖြစ်။

ကြည့် အခုကျတော့ မျက်နှာလေး နီထွေးလျှက် စောင်ကို ကွေးနေအောင်ခြုံထားရင်း ဖျားနေသည့် Jung Kook ကို ကြည့်ပြီး Tae Hyung မှာ စိတ်လည်းပူရ ဆူလည်းဆူရ ဖြစ်နေသည်က သူကိုယ်တိုင်ပင်။

Char Tate (Completed)Where stories live. Discover now