eleven

9.8K 886 42
                                    



Zawgyi



"မင်းက ကလေး နေမကောင်းတယ်ဆိုတာ ဖုန်းဆက်ပြီး ပြောပေးလိုက်ရုံနဲ့ တာဝန်ကျေပြီး မှတ်နေတယ်ပေါ့လေ ဟုတ်လား Tae Hyung....ဆရာဝန်မခေါ် ဘာမခေါ် အပူအပင်မရှိနေနိုင်လိုက်တာ သားရယ်....မတော်လို့ ကလေး တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..... ''

Hoseok Hyung ရော Omma ရော ရောက်လာကြကာ ချာတိတ်ကို နဖူးစမ်း လက်စမ်းနှင့် ရှိနေကာ လှည့်လှည့် ဆူနေတော့ Tae Hyung ခေါင်းတွေ ကိုက်လာလျှက် သူပါနေမကောင်းချင်သလိုကြီး ဖြစ်လာရသည်။

"ကြည့်စမ်း ကလေးက ကိုယ်ပူရှိန် နည်းသလား...ဖုန်းဆက်လာတော့လည်း လေသံက အေးစက်စက် ဆရာဝန်ခေါ်ပြီးပြီလားလို့ မေးယူရတဲ့အထိဆိုတော့ ကောင်းတော့မလား....''

Omma ကတော့ သူကိုပဲ လှိမ့်ဆူနေသည်။

Tae Hyung မှာ ရှင်းပြချင်ပေမယ့် တကယ့်ကို အဖျားရှိန်တက်နေတဲ့ ချာတိတ်မျက်နှာ နီထွေးထွေးလေးကို မြင်နေရပြန်တော့လည်း ဖွင့်မပြောရက်ပေ။

ချာတိတ်ကို သနားပြီး ဆူသမျှကို သူသာလျှင် ငြိမ်ခံပေးနေရသည့် အဖြစ်။

"သားနော် Omma သိပ်မပြောချင်ဘူး.....လက်ထပ်ပြီးတော့ မင်ပဲ အိမ်ခွဲနေချင်တယ်ဆိုလို့ Omma တို့က ခွဲပေးလိုက်တာ....ဒီမှာကလေးက မင်းမျက်နှာကိုပဲ ကြည့်နေရတာ....မင်းက ဂရုမစိုက်လို့ ဘယ်သူက ဂရုစိုက်မလဲ.....''

Tae Hyung ကို ဆူနေတာတွေကြောင့် ဘေးမှာရှိတဲ့ Hoseok ကလည်း မနေသာတော့.....

"ဒီလောက်ကြီးလည်း မဆူပါနဲ့ Nuna ရယ်.....သူလည်း ဂရုစိုက်ပါတယ်....ပြီးတော့ ကလေးက ဆရာဝန် အခေါ်မခံဘူးထင်တယ်....ဟုတ်လား Tae Hyung.....''

Hoseok မေးတော့ Tae Hyung ဘာပြန်ဖြေရမှန်းမသိ။

ခေါင်းညိတ်လိုက်လျှင်လည်း ချာတိတ်သက်သာလာချိန်အထိပဲ Hoseok Hyung နှင့် Jeon Argushi က သည်းခံမှာ ဖြစ်သည်။

နေကောင်းတာနှင့် သူ့စကားကို နားမထောင်ဘဲ ဆရာဝန်မခေါ်ခိုင်းရကောင်းလားဆိုပြီး ဆူနေမှာကို တွေးဖြစ်လျှက်....

"နောက်ဆို ဒီလို မဖြစ်စေရပါဘူး Omma.....''

အသံတိုးတိုးဖြင့် Omma ကို တောင်းပန်သလိုပြောတော့ Omma က ချက်ချင်းမျက်စောင်းခဲသည်။

Char Tate (Completed)Where stories live. Discover now