eight

10.1K 969 82
                                    



Zawgyi


သူအိမ်ထဲ ပြန်ဝင်လာတော့ ဧည့်ခန်းမှာ မျက်ထောက်နီကြီးနဲ့ ကြည့်နေတဲ့ Appa ရယ် Omma ရယ် နှင့် ချာတိတ်ကို ချော့နေတဲ့ Hoseok Hyung ရယ် ဘေးမှာ ထိုင်နေတဲ့ Jeon Argushi ကိုတွေ့လိုက်ရသည်။

"ကိုယ်တော် ဒီမှာလာထိုင်အုံး.....''

Omma က မျက်လုံးချင်းဆုံလိုက်တာနှင့် ဆိုဖာကို လက်နှင့် ပုတ်ကာ သူ့ဘေးမှာ ဝင်ထိုင်ခိုင်သည်။

သူလည်း Omma ဘေးမှာ ကျုံ့ကျုံ့ကလေး ဝင်ထိုင်လိုက်ကာ ရှေ့က ချာတိတ်ကို ဖျက်ခနဲ ခိုးကြည့်မိသည်။

ငိုထားလို့လား မသိ မျက်တောင်ရှည်လေးတွေမှာ မျက်ရည်စလေးတွေ တွဲခိုကာ ပါပြင်ဖောင်းဖောင်းလေး နှစ်ဖက်နှင့် နှာခေါင်းထိပ်လေးကပင် နီရဲနေသည်။

"ပြောပါအုံး ကလေးကို ဘယ်လို အနှိုင်ကျင့်လိုက်လို့ ကလေးက ငိုယိုပြီး အိမ်ထဲန်ု ပြန်ဝင်လာရတာတုန်း.....''

"Omma ဟို...အဲ့ဒါကလေ.....''

သူအထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေဖို့ကြံတော့ Appa က.....

"တော်တော့ Kim Tae Hyung မင်းဘားမှ မပြောနဲ့တော့....Kookie ကလေးကို ဒီကောင် ဘာလုပ်လိုက်တာလဲ Appa ကို ပြောပြ...... ''

Omma မေးလိုက်တာကို Appa က စိတ်မရှည် သူပြောတာကိုလည်း ဆုံးအောင်မစောင့်ဘဲ ချာတိတ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

Tae Hyung ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားကာ ချွေးစေးတွေပင် ပြန်လာသည်။

ဟိုချာတိတ်က သူနမ်းလိုက်လို့ပါလိုသာ ပြောလိုက်ရင် ဒီကလူက နှာဘူးကြီးလုံးလုံး ဖြစ်ပြီး လူကြီးတွေ ကို ဘယ်လို မျက်နှာနှင့် ကြည့်ရမလဲ။

Tae Hyung လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတောဘဲ အာခေါင်တွေသာ ခြောက်လာသောကြောင့် ရှေ့စားပွဲ ခုံပေါ်မှာ ရှိတဲ့ ရေခွက်ကိုသာ လှမ်းယူပြီး သောက်နေလိုက်သည်။

"Kookie လေးပြော.....ကလေးကို Tae Hyung ဘာလုပ်လိုက်လို့ ငိုပြီး ဝင်လာတာလဲ.....Omma သူ့ကို အပြစ်ပေး ပေးမယ်......''

Tae Hyung ရဲ့ Omma ကပါ ထပ်မေးသောကြောင့် Jung Kook က ရေသောက်နေတဲ့ Tae Hyung ကို ဖျက်ခနဲ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းလေးငုံ့သွားသည်။

Char Tate (Completed)Where stories live. Discover now