five

11.2K 1K 36
                                    


Zawgyi


တစ်ညလုံး ချာတိတ်ကို ရင်ခွင်ထဲ ထည့်ထားကာ တစ်စိမ့်စိမ့် ကြည့်နေရင်း မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွာသည်။

သူပြန်နိုးထဲ့ အထိချာတိတ်က မနိုးသေးပေ။

သူ့ရင်ခွင်ထဲမှာ ခေါင်းလေးတိုးဝင်ပြီး အိပ်နေလိုက်တာများ တကယ့်ကို ယုန်ပေါက်လေး အတိုင်းပင်။

သူ ချာတိတ် နဖူးလေးပေါ်ကို အနမ်းလေးတစ်ပွင့် ခြွေလိုက်သည်။

ထို့နောက် ပါးပြင်လေးပေါ်သို့ နောက်ထပ်တစ်ပွင့်။

နောက်ဆုံး သူ့အနမ်းက နှုတ်ခမ်းရဲရဲလေး ပေါ်မှာ ဂိတ်ဆုံးသွားသည်။

ချာတိတ်ရဲ့ နှုတ်ခမ်းတွေက ဘာလို့ ဒီလောက်တောင် ချိုနေရတာလဲမသိ။

အရင်က တည်တည်တင်းတင်းနဲ့ ခပ်ချေချေ နေလာခဲ့တဲ့ ကျွန်တော်ဆိုတဲ့ Kim Tae Hyung သည် ဒီချာတိတ်လေးနှင့် ကျမှပဲ နှာဘူး ဖြစ်မှန်းမသိဖြစ်နေတော့သည်။

ကိုယ့်အဖြစ်ကိုလည်း ကိုယ်ရယ်ချင်သည်။

ဆက်အိပ်နေလျှင်လည်း ခိုးနမ်းနေတာနဲ့တင် သံသယာ လည်နေပြီး ထပ်နမ်းမိမှာ စိုးသောကြောင့် သူ ချာတိတ်ခေါင်းလေးကို အသာမပြီး ဘေးကခေါင်းအုံးပေါ်လေးကို တဖြည်းဖြည်း တင်ပေးလိုက်သည်။

ပြီးမှ ရေချိုးခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။

သူရေချိုးပြီး လို့ ခါးအောက်ပိုင်းကို Towel တစ်ထည်နှင့် ဆွဲပတ်ကာ  ပြန်ထွက်လာသည့်အထိ ချာတိတ် အိပ်ပုတ်စိန်က မနိုးသေးပေ။

မဖြစ်ပါဘူး နိုးလိုက်မှ ဖြစ်တော့မည်။

အိမ်လည်းပြန်ပို့ရအုံးမည် မဟုတ်လျှင် Hoseok Hyung လည်း ခေါင်းမီးတောက်နေတော့မည်။

သူလည်း နှိုးဖို့ ကုတင်နားသွားကာ ချာတိတ် ပုခုံးလေးကို အသာလှုပ်နိုးရန် ပြင်လိုက်စဉ်မှာဘဲ ချာတိတ်က ရုတ်တရက် မျက်လုံးပွင့်လာကာ အပေါ်မှ မိုးထားတဲ့သူ့ကို ပြူးကြောင်ကြောင်လေး ကြည့်နေသည်။

သူလည်း ရုတ်တရက် ဆိုတော့ ဘာလုပ်ရမှန်း မသိဘဲ ချာတိတ်ကိုသာ ခပ်ကြောင်ကြောင် ပြန်ကြည့်နေမိသည်။

Char Tate (Completed)Where stories live. Discover now