nine

10K 959 45
                                    




Zawgyi



အလုပ်စားပွဲမှ ထကာ လက်မှ နာရီကိုကြည့်လိုက်တော့ ဆယ်နှစ်နာရီပင် ထိုးနေပြီ ဖြစ်သည်။

စားပွဲမှ ထကာ အိပ်ခန်းဆီသို့ လျှောက်လာနေရင်း အခန်းရှေ့ရောက်တော့ တံခါးက ခပ်ဟဟလေး ပွင့်နေတာမို့ Tae Hyung အသာလေးတွန်းဖွင့်လိုက်တော့ တိတ်ဆပ်ငြိမ်သက်နေသော အခန်းကို ပြာလဲ့လဲ့ မီးရောင်အောက်မှာ မြင်နေရသည်။

အခန်းတွင်းမှာ ချာတိတ် မရှိ။

ချာတိတ် ကြိုက်သည့်ဆိုသော Lavender ပန်းများဖြင့် ပန်းအိုးလေးတွေက အခန်းထောင့်တွေမှာ ပန်းတင်ခုံလေးတွေဖြင့် လှပစွာ ရှိနေမြဲ။

အခန်းပြတင်းပေါက်တွင် တပ်ဆင်ထားသော ပြာလဲ့လဲ့ ခန်းဆီးစလေးတွေက လေအဝှေ့မှာ ဣနြေ္ဒရရဖြင့် တဖျက်ဖျက် လှုပ်ခပ်နေကြသည်။

ခန်းဆီးစလေးများကို လေပြေနုနုသည် အားယူတိုးဝှေ့နေရသည့် အသွင်ဖြင့် ညဥ့်၏ လေပြေညှင်းသည် အခန်းတွင်းဆီသို့ တနော့နော့ တိုးဝင်နေဆဲ။

မင်္ဂလာဦးည ဖြစ်သည့်အတွက် ချာတိတ်လေး၏ ရှက်ရိပ်ဆမ်းထားသော ချစ်စရာ အမူအရာလေးများကို ထွေးပိုက်ထားရမည့် မင်္ဂလာ ခန်းဆောင်လေး။

အခုတော့ အခန်းလေးသည့် တိတ်ဆိပ်လွန်းစွာပင် အခန်းပိုင်ရှင်ကို ရှာဖွေနေရသည့် အဖြစ်ပါလား။

"ဒီကလေး ဘယ်မှာ သွားထိုင်နေပါလိမ့်.....ဆယ့်နှစ်နာရီ ကျော်နေပြီး အိပ်ရေးပျက်ပြီး နေမကောင်း ဖြစ်တော့မှာဘဲ....''

အတွေးဖြင့် Tae Hyung လျှောက်လာကာ အောက်ထပ်သို့ ဆင်းသည်။

ထမင်းစားခန်းမှ ရေခဲသေတ္တာကို ဖွင့်ကာ ရေဘူးထုတ်ပြီး ရေသောက်လိုက်သည်။

အောက်ထပ်တစ်ခုလုံးလည်း တိတ်ဆိပ်လျှက် အခန်းတံခါးတွေ ပြတင်းပေါက်တွေ အားလုံးကိုလည်း ပိတ်ထားသည်။

အောက်ထပ်မှာလည်း Jung Kook မရှိ ခြံထဲကိုလည်း မဆင်း။

ဒါဆိုရင် ဒီကလေး အပေါ်ထပ်မှာဘဲ ရှိနေလိမ့်မည်။

အပေါ်ထပ်ကို ပြန်တက်ခဲ့ကာ လသာဆောင်ဘက် လျှောက်လာတော့ ပြာနုနု ခန်းဆီးစများဖြင့် လသာဆောင်နှင့် အဝင်တံခါးကို ကာထားသည့် နေရာလေးမှာ Dream Bad တစ်ခုပေါ်မှာ လှဲနေရင်း ကောင်းကင်ကြီးကို မော့ကြည့်နေတဲ့ ချာတိတ်ကိုတွေ့လိုက်ရသည်။

Char Tate (Completed)Where stories live. Discover now