three

13.4K 1.2K 65
                                    


Zawgyi

ဒီနေ့ Appa နဲ့ Hoseokie က Kim Tae Hyung ဆိုတဲ့ လူကြီးကို ထမင်းဖိတ်ကျွေးပြန်ပြီး။

အဲ့လူကြီး ကလည်း ထမင်းစားပြီးသည့်အထိ မပြန်နိုင်သေး.....

Kookie တစ်ယောက် စိတ်ညစ်ညစ်နှင့် ခြံထဲဆင်းကာ နှင်းဆီခင်းဘေးကရှိတဲ့ ဒန်းလေးပေါ်မှာ ထိုင်နေလိုက်သည်။

"စိတ်ညစ်ဖို့ကောင်းလိုက်တာ.....''

တကယ့်ရင်ထဲရှိသည့်အတိုင်း အသံထွက် ညည်းမိခိုက်မှာ အနောက်ဖက်က ခြေသံကြားတာကြောင့် လှည့်ကြည့်လိုက်မိတော့ ဟိုလူကြီး.....

ဘုရားရေ အဲ့ဒီ လူကြီးက သူ့ကိုလှမ်းကြည့်နေပြီး သူဆီကိုပင် တည့်တည့်မတ်မတ် လျှောက်လာနေသည်။

"ဒီမှာ ဘာလုပ်နေတာလဲ.... ဧည့်သည်တွေကို ပစ်ပြီးတော့....''

Jungkook ဘေးမှာ လာရပ်ပြီး မျက်နှာငုံကာ ခပ်တည်တည်မေးလိုက်သော သူ့ကို Jung Kook တစ်ယောက် ပြန်မော့ကြည့်ရင်း မျက်စောင်းထိုးပစ်လိုက်မိသည်။

"Appa နဲ့ Hoseokie ရှိတာပဲ ကျွန်တော်မှ ဧည့်မခံတက်တာ....''

Tae Hyung တစ်ယောက် ဒန်းပေါ်မှာ ထိုင်နေတဲ့ ကောင်လေးကို တစ်ချက် ခပ်စိုက်စိုက်ကြည့်မိသည်။

သည်ကောင်လေးကို လက်ထပ်ရမည်ဆိုတာကို အခုထိ သူမယုံနိုင်သေးပါ။

မျက်နှာလေးကလည်း ကလေးလေးလိုပင် နုနုဖပ်ဖပ် လေးနှင့် စွာတာကတော့ နှုတ်ခမ်းလေး တင်းတင်းဖြင့် မျက်လုံးလေးတွေ တောက်နေအောင် စွာသည့် ကောင်လေးဖြစ်သည်။

"ကိုယ် ခဏ ထိုင်မယ်....''

ပြောပုံကိုကြည့် ပိုင်စိုးပိုင်နင်း ကြီးနှင့်။

ခဏထိုင်လို့ရမလားဟု မပြော။

ခဏထိုင်မယ်ဟုပြောကာ တကယ်လည်း သူ Jung Kook ဘေးမှာ ဝင်ထိုင်လိုက်သည်။

"ချာတိတ် မင်းနဲ့ကိုယ့်ကို လူကြီးတွေ စေ့စပ်ပေးကြတော့မယ် သိလား.....''

"သိတယ်....''

မေးသည့်လူက ကောင်းကောင်းမေးပေမယ့် ဖြေသည့်လူက ဘုကလန့်။

Char Tate (Completed)Where stories live. Discover now