Dare 1

4.1K 155 33
                                    

🌼Unicode🌼

' မင်းတို့သိပ်သိချင်နေတဲ့ ရှင်းခန့်မိုးထန်ရဲ့ချစ်သူဆိုတာ ဒီမှာ…ကြည့်ကြ… '

ရှပ်အကျႋီအဖြူလေးကို အပေါ်ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားကာ အကျႋီလက်ကိုလည်း လက်ဖျံထိခေါက်တင်
ထားသဖြင့် ဆွဲဆောင်မှုရှိလွန်းတဲ့ ခပ်ဟော့ဟော့လူငယ်
လေးတစ်ယောက်နဲ့…

ယုန်နားရွက်လေးထောင်နေတဲ့ hoodieအဖြူလေးနဲ့
ကာတွန်းရုပ်တွေပြည့်နှက်နေတဲ့ ဘောင်းဘီပွကြီးကို ဝတ်
ထားတဲ့ ကောင်မလေးတစ်ယောက်…

မွေးနေ့ပါတီရဲ့ မြူးမြူးကြွကြွဂီတသံတွေ ကြားထဲမှာ မျက်
နှာချင်းဆိုင်ရပ်လျက်…အောက်ထပ်က ပါတီမှာ ပျော်ပါး
နေသူများနဲ့ ဆန့်ကျင်စွာ လှေကားဝရံတာလေးပေါ်မှာ ငြိမ်
သက်လျက်…

' ဘေဘီက ရှက်နေတာလား… '

hoodie ဇစ်ကိုမျက်နှာတစ်ခုလုံးအုပ်တဲ့ထိ ဆွဲစိထားတဲ့
ကောင်မလေးကို ထိုလူငယ်က အားမလိုအားမရ ချစ်စနိုးနဲ့
ပြောသည်။

' ဒီလောက်နဲ့တော့ မယုံဘူး…တကယ်တွဲနေတာဆိုရင်
kissပေးပါ '

မူးမူးနဲ့ သူငယ်ချင်းတစ်သိုက် အော်ဟစ်ပွဲတောင်းသံ
ကြောင့် သီချင်းသံစဉ်တွေပါ တိတ်ဆိတ်သွားသလို။

ထိုလူငယ်က ကောင်မလေးမျက်နှာလေးမြင်ရအောင် ဇစ်
ကိုဆွဲဖွင့်မယ်လုပ်တော့ ကောင်မလေးက လက်နှစ်ဖက်နဲ့
မဟာဇစ်ကြီးကို အတင်းကာကွယ်သည်။ထိုလူငယ်က ဇစ်
နားတောင် လက်မလှမ်းနိုင် ကောင်မလေးက သူ့ဇစ်ကို
သေရေးရှင်ရေးအလား ပြန်ခုခံကာကွယ်နေသည်။

' မိုးထန်…မိုးထန်…မိုးထန်…မိုးထန်… '

အောက်မှ ပွဲတောင်းသံတွေက စည်းချက်နဲ့အတူ ပိုညံလာ
သည်။

ရောင်စုံမီးရောင်တွေအောက်မှာ ထိုလူငယ်လေးရဲ့ နှုတ်
ခမ်းတစုံမှာလှစ်ခနဲပြုံးလိုက်တာကို ဘယ်သူမှမြင်လိုက်မှာ
မဟုတ်။လူငယ်လေးက ကောင်မလေးရဲ့hoodieမှ ယုန်
နားရွက်နှစ်ဖက်ကနေအတင်းဆွဲကာ ကောင်မလေးနှုတ်
ခမ်းနေရာကို မှန်းကာ ငုံ့နမ်းလိုက်သည်။

ထိုအခိုက်…ရုပ်ရှင်ထဲက အနှေးပြကွက်တခုလို ဆူညံက
ခုန်နေကြတဲ့ ပါတီပွဲကြီးဟာ တခဏစာငြိမ်သက်လို့…
အပေါ်ထပ်ဝရံတာမှ မင်းသားနဲ့မင်းသမီးရဲ့ special
momentလေးကို စောင့်ကြည့်နေတဲ့ ပွဲလာပရိတ်သတ်
တွေမှာလည်း ပါးစပ်ဟောင်းလောင်းကိုဖြစ်လို့။

Truth or Dare❤️Where stories live. Discover now