Dare 3

1.5K 126 38
                                    

🌸Unicode🌸

ငါ့ဖုန်းလေး…ငါ့ရဲ့တစ်ဦးတည်းသော အချစ်ရဆုံးသော… အမြတ်နိုးဆုံးဖုန်းလေး…ဟင့်…

နှောင်း စိတ်ရှိတိုင်းသာ အော်ငိုပစ်လိုက်ချင်သည်။အိပ်ချိန်
ကလွဲလို့ အချိန်ပြည့်ဖုန်းတစ်လုံးနဲ့နေတဲ့ နှောင်းအဖို့ လက်
ထဲမှာ ကိုင်စရာဖုန်းမရှိတော့ ရင်ဘတ်စည်တီး၍သာ အော်
ငိုလိုက်ချင်တော့သည်။

' အားလုံးက မားအပြစ်တွေပါ သမီးလေးရယ်။မားက
သမီးလေးကို ဟိုအကောင်ရဲ့စားပွဲပေါ်မှာ မေ့ပြီးထားခဲ့တာကိုက မားအပြစ်ပါ '

မနက်မိုးလင်းလင်းချင်း ကြားလိုက်ရတဲ့ နှောင်းအသံ
ကြောင့် ဖြူစင်လန့်နိုးလာသည်။

တစ်ယောက်တည်း မှန်တင်ခုံရှေ့မှာ ပါးစပ်တလှုပ်လှုပ်နဲ့
ဂါထာရွတ်သလိုလို မန်းမှုတ်သလိုလို လုပ်နေတဲ့ နှောင်းကိုကြည့်ပြီး ဖြူစင် တကျွတ်ကျွတ် စုတ်သပ်ရင်း ခေါင်းခါမိ
သည်။

မနေ့ညက ဖြူစင်တို့ ပါတီက ညဉ့်နက်မှပြန်ရောက်တော့ နှောင်းတစ်ယောက် ဧည့်ခန်းထဲမှာ ငူငူကြီးထိုင်နေက
တည်းက ပြဿနာအခန်းဆက်လေးတွေ ပါလာမယ်မှန်း
သဘောပေါက်လိုက်သည်။

' ငါ့ဖုန်း သူ့အခန်းထဲမှာ ကျန်ခဲ့တယ်…ဘယ်လိုလုပ်ရမလဲ
ဟင် '

ငူငူကြီးထိုင်နေရာမှ သရဲမကြီးလို ခေါင်းကိုဖြည်းဖြည်းချင်းလှည့်ကာ စိတ်ပျက်လက်ပျက်အသံကြီးနဲ့ ပြောလိုက်တဲ့ နှောင်းကြောင့် ဖြူစင်တောင် လန့်သွားသည်။သို့သော်
ကြာကြာမလန့်အား ထမ်းလာတဲ့ အမူးသမလေးစံသီရိကိုက အတင်းယိမ်းထိုးနေသောကြောင့် လှမ်းဆွဲရသေး
သည်။

' သီရိရာ ငြိမ်ငြိမ်နေစမ်းပါ…သယ်လာရတဲ့ ငါတို့ကို သ
နားပါဦး '

သီရိကို ဖြူစင်တစ်ဖက်၊ သူတစ်ဖက် ကူတွဲထားရမှ
ကောင်းထက်မြက် ညည်းတွားလိုက်သည်။

' ရတယ် ဖြူစင်…သူ့ကို နှောင်းအခန်းထဲ ငါပို့ပေးလိုက်
မယ်။နင်က ရှိုင်းမင်းခေတ်ကို သွားတွဲပေးလိုက်ဦး။တော်
ကြာ အိမ်သာအိုးထဲ ပြုတ်ကျလို့ ကျော်မကောင်းကြားမ
ကောင်းတွေ ဖြစ်ကုန်မယ် '

Truth or Dare❤️Where stories live. Discover now