Dare 28

549 45 29
                                    

🌼Unicode🌼

လမ်းထိပ်မှာ မုန့်ထွက်ဝယ်ရင်း အိမ်ကိုအပြန် အ‌‌ေနွးထည်အိပ်ကပ်ထဲက ဖုန်းလေး မြည်လာတာကြောင့် နှောင်း ထုတ်ကြည့်လိုက်တော့ တခြားသူမဟုတ်။* သတိ!!!မကိုင်ရ *ရဲ့ အခါဘယ်နှစ်ဆယ်မြောက်မှန်းမသိတဲ့ ဖုန်းအဝင်callဖြစ်နေသည်။နှောင်း ဖုန်းကို စက်ပါပိတ်ပစ်လိုက်ပြီး အိမ်ရှေ့သို့အရောက်၊ အဆင်သင့် ရပ်စောင့်နေတဲ့သူကြောင့် မျက်မှောင်ကိုကျုံ့ပစ်လိုက်သည်။

' ယုန်ပိစိ...ကိုယ် ပြောစရာရှိတယ် '

' ဖယ်! '

တံခါးရှေ့ပိတ်ရပ်နေတဲ့ မိုးထန်ကို တွန်းဖယ်ကာ နှောင်း တံခါးဖွင့်ဖို့လုပ်တော့ မိုးထန်က နှောင်းရဲ့လက်တစ်ဖက်ကို လှမ်းဆွဲကာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။

' ကျေးဇူးပြုပြီး ကိုယ်ပြောတာကို နားထောင်ပေးပါဦး '

နှောင်း မိုးထန်နဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး

' ပြောစရာတွေ မကုန်သေးဘူးလား။အဲ့ဒိနေ့က လူကြားထဲမှာ အကုန်ကြားအောင် ပြောပြီးပြီ မဟုတ်ဘူးလား။နှောင်းချယ်ရီမေက နင့်ရဲ့ အသုံးချခံပါဆိုပြီးတော့လေ...ငါကဘာတွေ ထပ်နားထောင်ပေးရဦးမှာလဲ။နင်တို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ အလောင်းအစားအကြောင်းလား...ဟမ် ပြောလေ '

မိုးထန်က အကြည့်ချင်းဆုံနေရာမှ အရင်ခေါင်းငုံ့သွားသည်။ဘာမှ မငြင်းသလို ဘာမှလည်း မရှင်းပြနိုင်။ခုနက စကားပြောဖို့ အားယူနေတာ သူမဟုတ်သလို ငြိမ်သက်စွာ။

' ဒီနေ့ တစ်လပြည့်ပြီ...နှောင်းဘက်က အဖြေကိုမပေးခင် တစ်ခုလောက် မေးချင်တယ် '

မိုးထန် ခေါင်းပြန်မော့လာသည်။

' အဲ့ဒိနေ့က ဘာလို့ နှောင်းနဲ့တွဲချင်ခဲ့တာလဲ။လေပြေ့ကို လက်စားချေချင်ရုံ သက်သက်ပဲလား '

ထိုနေ့က ယုန်ပိစိကို လေပြေ ဖွင့်ပြောတော့မှာလို့ ဝဿန်ပြောလိုက်တဲ့အချိန် မိုးထန် စိတ်ထဲမှာ ဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာ မိုးထန် ကိုယ်တိုင်တောင် မယုံနိုင်ပါ။ပန်းခြံထဲကို အပြေးရောက်လာတော့ ဝက်ဝံရုပ်အောက်မှာ ပုံးကွယ်နေတဲ့မျက်နှာလေးကို မှန်းပြီး နမ်းရှိုက်လိုက်တဲ့အခါ စိတ်ထဲမှာ ဖြစ်လာတဲ့အရာဟာ ကြောက်စိတ်တစ်ခုဆိုတာ မိုးထန် သိနေသည်။‌ယုန်ပိစိ သူ့အနားကနေ ထွက်သွားမှာကြောက်တဲ့စိတ်။ယုန်ပိစိကို ဆုံးရှုံးသွားမှာဆိုးတဲ့ ကြောက်စိတ်။

Truth or Dare❤️Where stories live. Discover now