Dare 24

673 52 12
                                    

🎆Unicode🎆

' ထိုင်ပါဦး...ဒေါ်စံသီရိကို '

သီရိ အခန်းပြန်လာလာချင်း အဆင်သင့်စောင့်နေတဲ့ နှောင်းနဲ့ ဖြူစင်က အခန်းတံခါးကို အမြန်ပိတ်ပြီး ‌သီရိဆီက သတင်းထူးကို နားစွင့်ရန် စိတ်လှုပ်ရှားနေသည်။သီရိကတော့ အပြင်မှာ ဘာမှမဖြစ်ခဲ့သလို အေးအေးဆေးဆေး မျက်နှာထားနဲ့ ကုတင်ပေါ်မှာထိုင်ပြီး ဖုန်းသုံးနေသည်။

' ပြောပါဦး...အခြေအနေလေး '

' ဘာအခြေအနေလဲ '

' နင်နဲ့ ထက်မြက်နဲ့‌အခြေအနေလေ '

' အော် မြင်လိုက်တာလား...ဒီလိုပါပဲ အခြေအနေက '

သီရိက ဘာမှစိတ်လှုပ်ရှားပုံမပြသဖြင့် နှောင်းနဲ့ ဖြူစင်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိပြီး တွေးမိတာက

"ထက်မြက်လေး အငြင်းခံလိုက်ရတာများလား"

ငြင်းလိုက်တာဆိုရင်တော့ ထက်မြက်ကလေး သနားဖို့ကောင်းတာမို့ နှောင်း မခံချင်ဖြစ်သွားပြီး သီရိကုတင်ပေါ် တင်ပါးလွှဲဝင်ထိုင်လိုက်ကာ ဖုန်းသုံးနေတဲ့ သီရိလက်ကို ဖျောင်းခနဲ ချလိုက်သည်။

' အ!နာတယ် '

' ငါတို့ ကောင်းထက်မြက်လေးက ဘာဖြစ်နေလို့လဲ?ငါ့သူငယ်ချင်းလေးက ဘာတွေချို့ယွင်းနေလို့ ငြင်းလိုက်တာလဲလို့ '

' အာ...ငါဘယ်တုန်းက ငြင်းလိုက်တယ်လို့ ပြောမိလို့တုန်း '

ဆူပုတ်ပြီး ‌ပြောလာတဲ့ သီရိကြောင့် နှောင်း မျက်လုံးအဝိုင်းသားလေးဖြစ်သွားပြီး သီရိပါ ဒီဘက်ကုတင်ဆီ ကူးလာသည်။

' အဲ့ဒါဆို နင်တို့က အခု... '

' မတွဲသေးဘူး '

' ဟင်! ဘယ်လိုကြီးလဲ '

ရှုံ့မဲ့သွားတဲ့ နှောင်းကို သီရိက မျက်မှောင်ကျုံ့ပြီး မသက်ာသလို စိုက်ကြည့်နေသည်။

' ဘာလဲ!ငါ ကောင်းထက်မြက်ကို ကြိုက်လိုက်ပြီး ဟန်လေပြေလင်းကို လက်လေျှာ့လိုက်ရင် နင်လွတ်လပ်ရေးရပြီမို့လား '

' မဟုတ်ပါဘူး...နင်ကလည်း '

နှောင်း လက်ရော ခေါင်းရော ခါကာ ပြာပြာသလဲ ငြင်းမိသည်။အဲ့ကျမှ စံသီရိကိုက အားရပါးရ ရယ်တော့သည်။

Truth or Dare❤️Where stories live. Discover now