Dare 10

1.1K 94 58
                                    

❤️Unicode❤️

' မပြောကောင်း မဆိုကောင်း...နင် ငါ့ကို ကြိုက်နေတာ
လား '

' ဟ...ကိုယ်က ရူးနေလို့လား '

' မရူးရင် ပြီးတာပါပဲ။ငါမေးတာကို ဖြေဦး။Reasonတစ်
ခုရှိကို ရှိရမယ်။ငါ့ဆီက အကျိုးအမြတ်တစ်ခုခုကို လိုချင်
လို့ နင်ငါ့ကို- '

' It's a secret '

နှောင်းစကားတောင် မဆုံးလိုက် မိုးထန်က ပြောချင်ရာ
ပြောပြီး ကားကို ဝူးခနဲ မောင်းထွက်သွားပြန်သည်။

နှောင်းလည်း ပြောမနိုင်ဆိုမနိုင် မိုးထန်ကောင်ကို တကျွတ်ကျွတ်နဲ့ သနားသလို စုတ်သပ်ရင်း အိမ်ထဲဝင်လာခဲ့
သည်။

မိုးထန်မှာတော့ အိမ်ပြန်ရောက်ရောက်ချင်း ခြေမကိုင်မိ
လက်မကိုင်မိတွေကို ဖြစ်လို့။ဧည့်ခန်းထဲထိ ဖိနပ်စီးမိလို စီး
မိ။လူက ယောင်ချာချာတွေ ဖြစ်ကုန်လို့ စိတ်ငြိမ်မလားလို့
ဆိုဖာပေါ် ထိုင်ချလိုက်ကာ နောက်ကိုမှီပြီး မျက်စိကိုမှိတ်ချ
လိုက်တော့ ပေါ်လာပါပြီ ယုန်ပိစိရဲ့ မျက်နှာကြီး။

' နင် ငါ့ကို ကြိုက်နေတာလား '

နားထဲ ပြန်ကြားယောင်လာတဲ့ အသံကြောင့် မိုးထန် ကမန်းကတန်း ထထိုင်လိုက်ရသည်။ဟူး...ငါ ဘာတွေ ဖြစ်နေ
တာလဲ။

ယုန်ပိစိမေးတဲ့ မေးခွန်းကြောင့် မိုးထန် မလုံမလဲခံစားနေရသလို။နေပါဦး...ငါက ဘာကို မလုံမလဲဖြစ်ရမှာလဲ။ယုန်ပိစိကို ကြိုက်နေတာမှ မဟုတ်တာ။ဟုတ်တယ်...ဘာမှ မလုံမလဲဖြစ်စရာမလိုဘူး ရှင်းခန့်မိုးထန်။မင်း မှန်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

' cheese...cheese...cheese ဘယ်မှာပါလိမ့် '

ပေါင်မုန့်နှစ်ချပ်ကို ပါးစပ်ဖျားတွင် အသာကိုက်ပြီး ရေရွတ်
လိုက်သော နှောင်း။လက်တစ်ဖက်ကြားတွင် ပေါင်မုန့်ထုပ်
ကြီးကို ညှပ်ပြီး နောက်တစ်ဖက်နဲ့ ရေခဲသေတ္တာကို ဖွင့်ကာ မွှေနှောက်နေသည်။

မိုးအေးအေးလေးနဲ့ ဗိုက်က တဂွီဂွီနဲ့ဆာနေသောကြောင့်
နှောင်း အောက်ထပ်က မီးဖိုချောင်သို့ဆင်းကာ မုန့်ရှာဖွေ
ရေးဆင်းနေတာ ဖြစ်သည်။ခေါက်ဆွဲပြုတ်ရမှာ ပျင်းသဖြင့်
ပေါင်မုန့်လေးပဲ ဖြစ်သလို စားမယ်စဉ်းစားသော်လည်း
နှောင်းရဲ့ဖြစ်သလိုက cheeseလေးသုတ်၊ မီးကင်၊ အသားပြားလေးထည့်သေးတာ။

Truth or Dare❤️Where stories live. Discover now