Dare 23

810 64 12
                                    

💌Unicode💌

' အခု ဘယ်သူက ဘယ်သူ့ကို ပြန်စိတ်ပူနေတာလဲ လေပြေ '

လေပြေတားနေတဲ့ကြားက နှောင်းကုန်းထလိုက်ပြီး လေပြေ့ကိုထူလိုက်သည်။

ယိုင်လဲကျလာတဲ့ ခုံတွေ တိုင်တွေနဲ့အတူ သဲပြင်မှာ ရောထွေးနေတဲ့ ကျောင်းသားတွေလည်း တစ်ယောက်ကိုတစ်ယောက်ထူပေးရင်း ပွက်လောရိုက်ကုန်သည်။ထိခိုက်မိသူက ထိခိုက်၊ စားစရာတွေက ပျံ့ကျဲလို ပျံ့ကျဲနဲ့ အားလုံးအလုပ်ရှုပ်ကုန်သဖြင့် နှောင်းတို့သုံးယောက်ရဲ့ အငြင်းအခုန်ကို မေ့ပြီး အာရုံပြောင်းသွားကြသည်။

ကောင်းထက်မြက်နဲ့ ဖြူစင်က နှောင်းအနားကို ရောက်လာပြီး အကင်စင်တွေ မီးသွေးခဲတွေကို လွတ်ရာသို့ဝေးဝေးကူရွှေ့ပေးကြသည်။သီရိကလည်း နှောင်းဆီ အပြေးလာကာ သဲပေသွားတဲ့နေရာတွေကို လက်နဲ့ခါပေးပြီး နှောင်းအနာတရဖြစ်သွားမှာစိုးရိမ်သည့်ပုံစံဖြင့်

' နင် ဘယ်နားထိမိသွားသေးလဲ '

' ငါက ဘာမှမဖြစ်ဘူး။ဖြစ်သွားတာက လေပြေ...လက်တစ်ဖက်လုံး အပူလောင်သွားတယ် '

နှောင်း လေပြေ့လက်ကို အသာယူပြီးကြည့်တော့ အပူလောင်ခါစမို့ အသားက နီရဲတွတ်နေသည်။နှောင်းက နာသွားမှာဆိုးလို့ ဖွဖွလေးကိုင်ပြီး လက်ကိုလှန်မှောက်ကြည့်မှ လက်ဖဝါးမှာ သွေးစီးကြောင်းတစ်ခုက အထင်းသား။

' လက်ရှထားတာလား။မဖြစ်ဘူး ဆရာဝန်! ဆရာဝန်! '

ကာယကံရှင် လေပြေထက် သီရိက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ပျာယာတွေခတ်သွားသည်။နှောင်းကတော့ ရင်ထဲမှာ အလေးတုံးကြီးဖိလိုက်သလို လေးလံသွားသည်။

'မေ...ကိုယ် ဘာမှမဖြစ်ဘူး။‌မေ့ကြောင့် မဟုတ်ဘူးနော် '

သူ့လက်က အကြည့်မခွာတော့ဘဲ မှိုင်ကျသွားတဲ့ မေ့မျက်နှာလေးကို ငုံ့ကြည့်ပြီး လေပြေက ဖျောင်းဖျရသည်။လေပြေ့မှာလည်း သူ့အနာကို နာရကောင်းမှန်းသတိမရနိုင်အောင် လေပြေ့စိတ်က မေသူ့ကိုယ်သူအပြစ်တင်မှာကို စိုးရိမ်စိတ်က များနေသည်။

' လေပြေ နာနေလား။ဆရာဝန်ခေါ်ခိုင်းထားတယ်နော်။ကြာမယ်လို့ပြောတယ်။အဆင်ပြေရဲ့လား '

Truth or Dare❤️Where stories live. Discover now