Dare 20

860 61 44
                                    

🌻Unicode🌻

' ဒါဆိုလည်​း တစ်​ရက်​လောက်​ dateကျမယ်​လေ။စာအုပ်​တွေမပါဘဲ တကယ်​့dateအစစ်​...စာမေးပွဲပြီးပြီးချင်​း နောက်​နေ့...ပြည်​သူ့ရင်​ပြင်​မှာ...ညနေ၃နာရီ...မေနဲ့ ကိုယ်​နဲ့ နှစ်​ယောက်​တည်​း '

စာအုပ်​ကြီးရှေ့မှာချထားပြီး အာရုံက d-a-t-eဆိုတဲ့ alphabetလေးလုံးကို အနက်​အဓိပ္ပာယ်​ဖွင်​့နေတဲ့ နှောင်​းတစ်​ယောက်​ နှုတ်​ခမ်​းလေးဆူကာ ပိတ်​ထားတဲ့ ပြတင်​းပေါက်​ကို လှမ်​းကြည်​့လိုက်​သည်​။

ဒင်​းပြောင်​းလာတည်​းက မြင်​နေရမှာဆိုးလို့ ပိတ်​လိုက်​တာ ငါ့အခန်​း လေမဝင်​တော့ဘူး။

ရှင်​းခန်​့မိုးထန်​အကြောင်​း စဉ်​းစားမိတိုင်​း မဲ့သွားရတဲ့ နှုတ်​ခမ်​းတွေက တာဝန်​တစ်​ခုလို။နှောင်​းကို ဒုက္ခအမျိုးမျိုးပေးကာ လှည်​့ပတ်​အနိုင်​ကျင်​့တတ်​တဲ့လူကို ကြာကြာစိတ်​မဆိုးနိုင်​တဲ့ ကိုယ်​့ကိုယ်​ကိုပဲ ဒေါသထွက်​ရတာ အကြိမ်​ကြိမ်​။ပြန်​စဉ်​းစားကြည်​့ရင်​ ခွင်​့လွှတ်​ချင်​စရာကို မရှိ။သို့သော်​ ဟိုက မုန်​့နဲ့မျှားခေါ်ရင်​ ဒီကအငတ်​မကလည်​း ပါသွားတာပဲ။

တော်​ပြီ...သူ့အကြောင်​းတွေးရင်​ အကုသိုလ်​က ကပ်​ပါလာလို့ နှောင်​း ခေါင်​းကိုခါယမ်​းပစ်​လိုက်​သည်​။ရှင်​းခန်​့မိုးထန်​အကြောင်​း ခေါင်​းထဲကထုတ်​လိုက်​တော့ ဟန်​လေပြေလင်​းက ဝင်​လာပြန်ရော။နှောင်​း လေပြေပြောတဲ့ ' စာအုပ်​တွေမပါတဲ့ တကယ်​့dateအစစ်​ ' ဆိုတာကို တိုးတိုးလေး ညည်​းရင်​း

' dateအစစ်​ပဲ ဖြစ်​ဖြစ်​၊ dateအတုပဲ ဖြစ်​ဖြစ်​ လေပြေနဲ့ နှစ်​ယောက်​တည်​းသွားတွေ့လို့ မဖြစ်​ဘူး။ဒီကိစ္စကို သီရိဆီ အရင်​ တင်​ပြရမယ်​ '

နှောင်​း ချက်​ချင်​းပဲ သီရိဖုန်​းကို ဆက်​လိုက်​သည်​။သီိရိက တော်​တော်​နဲ့ မကိုင်​၍ ထက်​မြက်​ဆီ ပြောင်​းဆက်​တော့ ဖုန်​းက တန်​းဝင်​သွားသည်​။

' ထက်​မြက်​...သီရိ ရှိလား။ဖုန်​းပေးလိုက်​ '

' ဟင်​ အေးအေး '

ဒီလိုနေ့တွေဆို ထက်​မြက်​ သီရိကို စာလာပြရမှန်​း သိတာကြောင်​့ နှောင်​း ထက်​မြက်​ကို ပိုင်​စိုးပိုင်​နင်​းနဲ့ တန်​းခေါ်ခိုင်​းခြင်​းဖြစ်​သည်​။ထက်​မြက်​ကလည်​း မသိရင်​ မယားအဆူခံရမှာကိုကြောက်​နေရတဲ့ လင်​ယောကျ်​ားကြီးလို အသံက မဝံ့မရဲနဲ့ ဖုန်​းကို ချက်​ချင်​းသွားပေးသည်​။

Truth or Dare❤️Where stories live. Discover now