Dare 4

1.4K 108 120
                                    

💐Unicode💐

' သမီးနဲ့သားကရော ဘာမေးဦးမလို့လဲ '

စိတ်သိပ်မရှည်တော့တဲ့ ဆရာမအသံကြောင့် သုံးယောက်
လုံး အကြည့်ချင်းစစ်ခင်းနေရာမှ လန့်သွားသည်။ဆရာမ
ခမျာ ကောင်းခန်းရောက်မှ မီးပျက်သွားသလို ဇာတ်လမ်းကို ဖြတ်ချခံလိုက်ရသဖြင့် စိတ်သိပ်ကြည်ပုံမပေါ်တော့။

' တီချယ်မေးနေရင်လည်း ပြန်ဖြေကြလေ '

တီချယ့်အသံကျယ်လာသဖြင့် မိုးထန်တို့သုံးယောက်လုံး တီချယ့်ဆီ အကြည့်ပြန်ပို့လိုက်ရသည်။

' ဟို...ဟိုလေ '

နှောင်းက မဝံ့မရဲနဲ့စကားစလိုက်သဖြင့် မိုးထန် စိတ်ဝင်တစား နားထောင်နေလိုက်သည်။

' သမီးဖုန်းပျောက်သွားလို့ပါ တီချယ် '

နှောင်းစကားကြောင့် လေပြေ နားရှုပ်သွားပြီး နှောင်းကို
လှည့်ကြည့်လိုက်သည်။ရှင်းခန့်မိုးထန်အခန်းထဲ မေဝင်တဲ့
အကြောင်း ဖြေရှင်းရမှာကို ဘယ်ကဖုန်းကပါလာရတာလဲ။မင်း ဘာကစားကွက်တွေ ရွှေ့ဦးမလို့လဲ မေ။

' ဘယ်မှာပျောက်တာလဲ သမီး။အမြန်သွားရှာလေ မဟုတ်
ရင် သူများယူသွားလိမ့်မယ် '

' အခန်းထဲမှာပဲပျောက်တာ တီချယ်။ရှာလို့လည်း မတွေ့
ဘူး။တီချယ်ပြောသလို တစ်ယောက်ယောက်ယူသွားပြီ
ထင်တယ်။အဲ...အ...အတန်းသားတွေကို စွပ်စွဲတာတော့မဟုတ်ပါဘူး တီချယ်။ဒီအခန်းထဲကသူငယ်ချင်းတွေက အဲ့လိုလုပ်မယ်လူတွေ မဟုတ်တာ သမီးသိပါတယ်...ဒါပေမယ့်... '

ဒါပေမယ့်ဆိုပြီး ဆက်မပြောရဲတော့တဲ့ သနားစရာ မျက်
နှာငယ်လေးနဲ့ အပူသည်ရုပ် တမင်လုပ်ကာပြောနေသည့် နှောင်းကို မိုးထန် တော်တော်လက်လန်သွားသည်။

' တီချယ် နားလည်တယ်။သားတို့သမီးတို့အကုန် ခိုးတတ်
ဝှက်တတ်တဲ့လူတွေ မဟုတ်ဘူးဆိုတာ ပြောစရာမလိုဘူး။
ဒါပေမယ့် သမီးစိတ်ရှင်းသွားအောင် တီချယ်စစ်ပေးမယ်။
ဟုတ်ပြီလား...အိတ်တွေအကုန် စားပွဲပေါ်တင်လိုက် '

နှောင်းအကြံအောင်မြင်သွားတဲ့အတွက် မိုးထန်ဘက်လှည့်
ပြီး လူယုတ်မာတွေပြုံးသလို ပြုံးလိုက်သည်။နှောင်းကို
ဖုန်းပြန်ယူဖို့ပြောကတည်းက မိုးထန်ဆီမှာ နှောင်းဖုန်းပါ
လာမယ်ဆိုတာ သိနေတယ်လေ။အတိအကျပြောရရင်
ရှင်းခန့်မိုးထန်အိတ်ထဲမှာ နှောင်းဖုန်း ရှိကိုရှိလိမ့်မယ်။အဲ့
တော့ ပျောက်နေတဲ့ဖုန်းကို မပေးဘဲ အိတ်ထဲဝှက်ထားတဲ့
လူက ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်ကြသေးတာ
ပေါ့။

Truth or Dare❤️Where stories live. Discover now