Dare 27

750 51 35
                                    

💝Unicode💝

နှောင်း အပြင်သွားဖို့ ပြင်ဆင်နေတုန်း မှန်တင်ခုံပေါ်က ဖုန်းလေးက တတီတီနဲ့ အဆက်မပြတ် မြည်နေသည်။နှောင်း နှုတ်ခမ်းနီဆိုးနေရင်းနဲ့ ဖျတ်ခနဲ လှမ်းကြည့်လိုက်တော့ "သတိ!!!မကိုင်ရ"ဆိုတဲ့ စာတန်းက screen‌ေပါ်မှာ အထင်းသား။နှောင်း မသိချင်ယောင်ဆောင်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။

** ဟေ့...ဘာလို့ ဖုန်းမကိုင်တာလဲ **

ဖုန်းမကိုင်တော့ messageဘက် ပြောင်းသွားပြီ။နေပါစေ...billပေါနေတဲ့လူပဲ။

** ယုန်ပိစိရေ **

** Babyလေးရေ **

တတီတီနဲ့ ဆက်တိုက်ဝင်နေတဲ့ messageတွေကို နှောင်း ဝင်မဖတ်ပေမယ့် သေချာမြင်နေရသည်။နှောင်း notiတွေကို clearလုပ်ပစ်လိုက်ပြီး ပါးစပ်ကလည်း ပွစိပွစိနဲ့

' ဘာbabyလေးလဲ...အရူးကြီး! '

နှောင်း ဖုန်းကိုပြန်ချပြီး အလှဆက်ပြင်ဖို့ မှန်ကိုကြည့်ခါမှ အားခနဲ အော်မိတော့သည်။

အမလေး . . . မှန်ထဲက နှောင်းက ပြုံးနေတာ။ကြိတ်ပြီးပျော်နေတဲ့ပုံနဲ့ ပြုံးပြနေတာ။

' သွားပြီ၊ သွားပြီ...ငါတော့ သွားပြီ '

နှောင်း ပါးနှစ်ဖက်ကို လက်နဲ့ ဆွဲစိတ်လိုက်ပြီး ကိုယ့်ကိုယ်ကို နာအောင် ရိုက်ပစ်လိုက်သည်။အသိတရားပြန်ဝင်လာမှ ဖြစ်တော့မယ်။တစ်လပဲ နောက် ၂ရက်ဆို ပြည့်ပြီ...သည်းခံ နှောင်းချယ်ရီမေရေ။သူပြောသလို နင်ရှုံးလို့မရဘူး။

တီခနဲ ထပ်မြည်လာတဲ့ messageကို နှောင်း ငုံ့ကြည့်မိတော့ ရင်ဘတ်ပေါ်လက်ယှက်ပြီး ဘုရားပါ တမိတော့တာ။

** မင်းမြင်တာ ကိုယ်သိတယ်နော် **

မသိရင် နှောင်းကို CCTVနဲ့ ချောင်းလိုက်သလားပဲ။

နှောင်း ပြတင်းပေါက်နားသွားရပ်တော့မှ ဟိုဘက်အိမ်ပြတင်းပေါက်မှ လက်ကို ဝှေ့ယမ်းပြနေတဲ့ မိုးထန်ကို တွေ့လိုက်ရသည်။မိုးထန်က သူ့ဖုန်းကို လက်ညှိုးနဲ့ထိုးကာ နားနားကိုကပ်ပြသည်။နှောင်းလည်း နှောင်းလက်ထဲမှာ အသင့်မြည်နေတဲ့ဖုန်းကို ‌‌ဖြေလိုက်ရသည်။

Truth or Dare❤️Where stories live. Discover now