Dare 17

939 71 32
                                    

💖Unicode💖

နှောင်​း အိပ်​နေရင်​းနဲ့ ဘေးအိမ်​မှ ဆူဆူညံညံအသံတွေကြောင်​့ ဆက်​အိပ်​မရတော့။အိပ်​မရတဲ့အတူတူ ဘာတွေဒီလောက်​ဆူနေလဲဆိုပြီး ဆူပုတ်​ပုတ်​နဲ့ နှောင်​းအိပ်​ယာကနေ ကုန်​းထလာရသည်​။​ pajamaပွပွကြီးကို ဝတ်​ဆင်​လျက်​ ပွယောင်​းယောင်​းဆံပင်နဲ့ အိပ်​မှုန်​စုံမွှားနှောင်​းက အသံလာရာ ဟိုဘက်​အိမ်​ကိုမြင်​ရမယ်​့ ပြတင်​းပေါက်​ခန်​းဆီးကို ဖွင်​့ချလိုက်​သည်​။

နှောင်​း မျက်​လုံးကို ဖြည်​းဖြည်​းချင်​းပွတ်​ကာ နေရောင်​ကို ကျင်​့သားရသွားမှ ယောက်​ယက်​ခက်​သွားလာနေတဲ့ ပြတင်​းပေါက်​ကို သတိထားကြည်​့မိချိန်​ ပါးစပ်​အဟောင်​းသားဖြစ်​သွားသည်​။လေပြေနဲ့ နှောင်​း စကားပြောနေကျ ပြတင်​းပေါက်​တွင်​ အခုလေပြေမဟုတ်​တဲ့ တစ်​ယောက်​ကို တွေ့လိုက်​ရ၍ ပြူးကျယ်​သွားတဲ့ နှောင်​းရဲ့မျက်​လုံးတစ်​စုံက ထိန်​းလို့မရ။နှောင်​း အိပ်​ချင်​မပြေသည်​့စိတ်​မှ လွန်​မြောက်​သွားချိန်​ ထိုသူဘယ်​သူလဲ ဦးနှောက်​က အလုပ်​လုပ်​သွားချိန်​ နှောင်​း ခန်​းဆီးစကို ဖျတ်​ခနဲ အမြန်​ဆွဲပိတ်​မိသွားသည်​။

ငါမြင်​လိုက်​တာ ဘာကြီးလဲ...အိပ်​မက်​မက်​နေတာလား?

နှောင်​း ကုတင်​ဘေးက မျက်​မှန်​ကို အမြန်​ပြေးတပ်​ပြီး ပြန်​ကြည်​့ဖို့ ဆုံးဖြန်​လိုက်​သည်​။ခန်​းဆီးစကို ကိုင်​ထားတဲ့လက်​ကတော့ ကတုန်​ကယင်​။ရင်​ထဲမှာတော့ ကုလားဘုရားလှည်​့နေသလို ဗျောင်​းဆန်​နေသည်​။

' ဘုရား ဘုရား...နှောင်​းမြင်​လိုက်​တာ မဟုတ်​ပါစေနဲ့ ဘုရာ့ '

သို့သော်​ နှောင်​းဆုတောင်​း မပြည်​့လိုက်​ပါ။

ခန်​းဆီးစကို မျက်​လုံးစုံမှိတ်​ပြီး ဖွင်​့လိုက်​ပေမယ်​့ မျက်​လုံးဖွင်​့ဖွင်​့ချင်​းမြင်​လိုက်​ရသည်​က ကျက်​သရေမရှိဆုံး ရှင်​းခန်​့မိုးထန်​ကို။

မိုးထန်​က သူ့ကို ကြည်​့နေမှန်​းသိတော့ နှောင်​းဘက်​လှည်​့ပြီး မျက်​လုံးတစ်​ဖက်​မှိတ်​ပြကာ

Truth or Dare❤️Where stories live. Discover now