Dare 15

1K 81 29
                                    

🌸Unicode🌸

' မင်း ငါ့ကို ဒီလိုပြုံးပြတာ ပထမဆုံးပဲသိလား။နောက် ငါ့ကို အဲ့လိုပြုံးပြီး မကြည့်နဲ့။အပြုံးတွေ အရမ်းချိုလွန်းလို့ တစ်စုံတစ်ယောက်ရဲ့နှလုံးသားမှာ ပုရွက်ဆိတ်ကိုက်သလို ရွစိရွစိဖြစ်လာရင် မင်း တာဝန်ယူမှာလား baby '

အသည်းယားဖို့ကောင်းတဲ့ လေသံလေးနဲ့ မိုးထန်ပြောလိုက်ပြီးမှ တအားများsexyကျသွားလို့ ယုန်ပိစိ ရင်တွေအရမ်းခုန်နေရှာမှာကို တွေးရင်း သနားသွားသည်။ဒီလို ခန့်ညားလွန်းတဲ့ ရုပ်ရည်နဲ့ ဒီလိုတော်ကီတွေအောက်မှာ ဘယ်မိန်းကလေးက မကြွေပဲ နေနိုင်ပါ့မလဲ...ဟင်းဟင်း...

မိုးထန်က မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ သူ့ကိုကြည့်နေတဲ့ ယုန်ပိစိရဲ့ နားရွက်နားကို ခေါင်းလေးစောင်းကာ တိုးလိုက်သည်။ပြီးတော့ ယုန်ပိစိနဲ့ မိုးထန်နဲ့ နှစ်ကိုယ်တည်း ကြားရုံလေသံလေးနဲ့ နားနားကပ်ပြီး ပြောလိုက်သည်။

' ကိုယ် ဘေဘီ့ကို ချစ်မိသွားမှာဆိုးလို့ ရေထဲကို ပစ်ချလိုက်တာ...အဲ့ဒါ ဘေဘီလိုချင်တဲ့ Truthပဲ...ကျေနပ်ရဲ့လား '

ရှင်းခန့်မိုးထန်ပြောတဲ့ အဖြေဆိုတာကြီးက လေထဲကနေတစ်ဆင့် နှောင်းတစ်ကိုယ်လုံးကို ကျဉ်ခနဲ ဖြစ်သွားတဲ့ ခံစားချက်မျိုးကို ရစေသည်။နားနားကို ကပ်ပြောတဲ့အတွက် ပိုကြက်သီးထဖို့ကောင်းသည်။

"ချစ်မိသွားမှာဆိုးလို့"ဆိုတဲ့ နေရာက အဆိုးဆုံး။တစ်စက္ကန့်အတွင်းမှာ သရဲကားဆယ်ကားလောက် ကြည့်လိုက်ရသလို ရင်ထဲမှာ လှပ်ခနဲလှပ်ခနဲ။ဟာတာတာကြီးနဲ့ ဘယ်လိုကြီးဖြစ်သွားမှန်းကို မသိတာ။ကြောက်​ဖို့ကောင်​းလိုက်​တာနော်​။

နှောင်း ရင်တုန်သွားတာကို မနည်းတည်ငြိမ်အောင် ကြိုးစားနေတုန်း မိုးထန်က နှောင်းနားရွက်ကို လေနဲ့ဟူးခနဲမှုတ်လိုက်သေးသည်။နှောင်းမှာ နားရွက်ဖျားတွေရော မျက်နှာတစ်ခုလုံး နီရဲသွားပြီး လေနဲ့အမှုတ်ခံလိုက်​ရတဲ့ နားရွက်လေးကို လက်နဲ့အမြန်အုပ်ပြီး ရှင်းခန့်မိုးထန်ရန်မှ ကာကွယ်လိုက်သည်။

မိုးထန်က နှောင်းအမူအရာကို သဘောကျသွားသလို ရယ်လိုက်ပြီး လက်ကိုပြန်လွှတ်ပေးကာ နှောင်းကိုမျက်နှာချင်းဆိုင်လျက် ခုံကိုကျောပြန်မှီလိုက်သည်။နှောင်းကိုကြည့်နေတဲ့ မျက်လုံးတွေက သူကြိုက်တဲ့ကစားစရာအရုပ်တစ်ခုကို သူဆော့ချင်တဲ့ပုံစံအတိုင်း ဆော့လိုက်ရလို့ ကျေနပ်နေသလို။

Truth or Dare❤️Where stories live. Discover now