Dare 31

513 37 8
                                    

✨Unicode✨

အိမ်ထဲကနေ ပြုံးကာ အရင်ဦးဆုံးထွက်လာတဲ့ မဟေသီနဲ့ မှုန်ကုတ်ကာ ထွက်ချလာတဲ့ နှောင်းကိုမြင်လိုက်ရတဲ့အခါ ခြူး ကျိတ်ရယ်မိတော့သည်။ အထဲမှာ ကောင်း‌‌ေကာင်းကြီး အတုတ်ခံလိုက်ရပြီ ထင်တယ်။ ခြူးရဲ့အတွေးကို ကြားလိုက်ရတဲ့အတိုင်း နှောင်းက မျက်ထောင့်နီကြီးနဲ့ ခြူးကို ဖျတ်ခနဲ ကြည့်လိုက်သဖြင့် ခြူး ကြက်သီးတောင် ထသွားသည်။

နှောင်းက မျက်နှာတည်ကြီးနဲ့ အသားဘူးတွေကိုင်လျက် ခြူးဆီသို့ တန်းတန်းမတ်မတ်လျှောက်လာပြီး ခြူးရှေ့က ခုံပေါ်သို့ မဆောင့်ရုံတမယ် ချလိုက်သည်။ ထို့နောက် ကျက်ပြီးသားအကင်တွေကို ထမင်းစားပွဲပေါ်သွားတင်မယ့် ခြူးရှေ့ကနေ နှောင်းကတည့်တည့်ပိတ်ရပ်လိုက်ပြီး ခြူးကိုင်ထားတဲ့ ဗန်းကို ကူသယ်ပေးမလို ကိုင်လိုက်ကာ ပြုံးလိုက်သည်။

' နင် အဲ့ဒိဝိုင်းမှာ ထမင်းစားဝင်မှာ သေချာလို့လား။ နင့်ဘက်မှာ သက်ဆုိင်သူ ဘယ်သူမှ ရှိမနေပဲနဲ့လေ '

နှောင်းက ခြူးကို သနားသလိုလို လှောင်သလိုလို အပြုံးနဲ့ သရော်ရင်း ထမင်းဝိုင်းနားမှာ ရှိနေတဲ့ မိုးထန်ဘက်ကို မေးဆတ်ပြလိုက်သည်။

' အာ ဟုတ်သားပဲ...မေမေသွယ်တော့ ရှိပါသေးတယ်။ ဒါပေမယ့်လေ နင် မှားသွားတယ်သိလား။ မိုးထန်က ငါ့ကိုမချစ်တော့ဘဲ မမဟေသီဆီကို စိတ်ပြန်လည်သွားရင်တောင် နင့်ဆီကို ဘယ်တော့မှ လာမှာမဟုတ်ဘူး။အဲ့တော့ မစားရတဲ့အမဲ သဲနဲ့ပက်မနေနဲ့ ခြူး။ငါ့ဘက်က အရှုံးမရှိတာမို့ '

နှောင်းက နောက်ဆုံးတစ်ခွန်းကို ခြူးနားနားသို့ တမင်ကပ်ပြီး ပီပီသသကြီး ပြောလိုက်တဲ့အခါ ဗန်းကို ပိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အံကြိတ်လိုက်တဲ့ ခြူးကြောင့် နှောင်း စိတ်ကျေနပ်သွားပြီး လုယူသွားဖို့စိတ်ကူးထားတဲ့ ဗန်းကို ပြန်လွှတ်ပေးလိုက်သည်။ ဆောရီးပဲ ခြူး...မမဟေသီကို ပေါက်ကွဲချင်သမျှဟာ နင့်ဆီကိုရောက်လာတာတော့ နင့်ဒိုက်နဲ့ နင့်ကံပဲ။ ချိန်ကိုက်ဗုံးကို နင်ကိုယ်တိုင် ငါ့လက်ထဲ ထည့်ခဲ့တာမလား အဲ့တော့ ပေါက်ကွဲတဲ့အချိန်ကျရင် ပြန်ခံလိုက်ပေါ့။

Truth or Dare❤️Where stories live. Discover now