Dare 29

568 44 10
                                    

✨Unicode✨

' အင်း...ကိုယ် ရူးနေပြီ။မင်းကို ချစ်မိသွားလို့ ကိုယ်ရူးနေပြီ '

ထီးရိုးပေါ်မှ အေးစက်နေတဲ့ ယုန်ပိစိရဲ့လက်လေးကို ပိုတင်းတင်းကြပ်ကြပ် မိုးထန် ဆုပ်ကိုင်ထားလိုက်သည်။ သူ သေချာမဖမ်းဆုပ်ထားနိုင်ရင် နောက်တစ်ကြိမ် သူ့အနားကနေ ပြေးထွက်သွားတော့မယ့်အလား။

ယုန်ပိစိက ခဏတော့ အံ့ဩသွားဟန် မျက်လုံးလေးဝိုင်းစက်သွားပြီး နောက်တော့ တဖြည်းဖြည်းနဲ့မျက်မှောင်ကျုံ့လာသည်ထိ ယုန်ပိစိရဲ့ အမူအရာအသေးစိတ်ကို အလွတ်မပေးဘဲ မိုးထန် စိုးရိမ်စွာ ကြည့်နေမိသည်။ယုန်ပိစိပုံစံက စိတ်လှုပ်ရှားနေတာနဲ့မတူဘဲ စိတ်ရှုပ်သွားဟန်။

' နင် ဘာအကွက်တွေ ထွင်နေပြန်ပြီလဲ မိုးထန် '

ယုန်ပိစိက မိုးထန်ကို စူးစူးရဲရဲစိုက်ကြည့်လာပြီး မိုးထန်လက်အောက်က သူမလက်ကို ရုန်းထွက်လိုက်သဖြင့် ယုန်ပိစိလက်ကိုသာကိုင်ထားတဲ့ မိုးထက်လက်ဖျားကနေ ထီးလေးက လမ်းမပေါ်သို့ လွင့်ကျသွားသည်။

' ကိုယ် တကယ် ပြောတာပါ။ ယုန်ပိစိ မင်း ကိုယ့်ကို ခုလိုကြီး မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားရင် မနေတတ်ဘူး။ မင်းနဲ့ စကားမပြောရရင် ကိုယ်လုံးဝမနေတတ်တော့ဘူး။ မင်း သူများကို ပြုံးပြနေရင်လည်း ကိုယ်မကြိုက်ဘူး။မင်းကို မစရရင်လည်း တစ်ခုခုလိုနေသလိုပဲ။ အဲ့ဒါ မင်းကို ကြိုက်နေတာမဟုတ်ဘူးလား '

' မဟုတ်ဘူး . . . အဲ့ဒါ နင်လိုချင်တာ မရလို့ နေမထိထိုင်မသာဖြစ်နေတာ။ လေပြေနဲ့ ငါနဲ့ တူတူရှိနေလို့ ငါတို့နီးစပ်သွားရင် နင်ရှုံးသွားမှာ ကြောက်နေတာ '

ယုန်ပိစိနဲ့ မိုးထန်ကြားက မိုးရေစက်တွေက ယုန်ပိစိရဲ့အမူအရာကို ခန့်မှန်းလို့မရအောင် ကွယ်ထားသလို။ဒါပေမယ့် ယုန်ပိစိရဲ့ လေသံကတော့ အေးစက်ပြတ်သားစွာ။

မိုးထန် လက်နှစ်ဖက်ကို မြှောက်ကာ ယုန်ပိစိခေါင်းလေးပေါ် ခုန်ပေါက်ဆင်းလာတဲ့ မိုးရေစက်တွေကို ကာကွယ်ပေးလိုက်သည်။ ဘယ်လိုတောင် ကိုယ့်ကိုမုန်းနေလို့ အမှန်အတိုင်းပြောတာတောင် မယုံတော့တာလဲ ယုန်ဦးနှောက်လေးရယ်။

Truth or Dare❤️Where stories live. Discover now