C a l l o u s(1) Uni

6.9K 320 10
                                    

"Hmm......အေးလိုက်တာ"

Baekhyunစုတ်ကိုစိတ်ထဲမှအခါခါမေတ္တာပို့နေမိသည်

ရုပ်ရှင်ကြည့်ပြီးပြန်တော့ကိုယ့်ကိုထားခဲ့သည်လေ

နောက်ကျနေပြီမို့ဘာကားမှလဲမရှိတော့အိမ်ကိုလမ်းလျှောက်လာနေရသည်မှာကိုယ်ကအနွေးထည်လဲမပါတော့အေးစိမ့်နေသည်

ကိုယ့်လက်မောင်းကိုယ်ပွတ်ရင်းးခပ်သွက်သွက်လေးလျှောက်လာတော့နောက်ကျောမလုံသလိုခံစားရသည်မို့လှည့်ကြည့်လိုက်မိသည်

"...ဘာမှလဲမရှိဘူး..."

ကိုယ့်ဘာသာရေရွတ်ရင်းးရှေ့ကိုပြန်လှည့်လိုက်တော့ကိုယ်ရှေ့တွင်ရပ်နေသောလူတယောက်

အနက်ရောင်Long coatနှင့်ဆံပင်တွေကိုလဲသပ်တင်လိုက်သေးသည်
ထို့နောက်သူ့ထံမှထွက်လာသောအေးစက်စက်အသံအဆုံးတွင်တကိုယ်လုံးတောင့်တင်းသွားရသည်

"Park Chan Yeol"

!သူကကိုယ့်နာမည်ကိုသိနေပါလား သူ့ကိုသေချာကြည့်တော့လဲတခါမှမမြင်ဖူးဘူးလေ
ကိုယ့်ကိုဘယ်လိုများသိနေသည်မသိ

ဘေးဘီကြည့်တော့လဲ လူတယောက်မှမရှိ
ရှင်းလင်းလို့

"!ခ ခများကဘယ်သူလဲ??"

ကြောက်စိတ်တို့ကိုဘေးပို့ရင်းမေးလိုက်တော့သူ့စီကဘာမှမတုံ့ပြန်လာခဲ့

"ဘာ ဘာလုပ်တာလဲ ကျတော့်ကိုချပေးးး~~ချပေးးးး"

ရုတ်တရက်ဆိုသလိုပခုံးပေါ်ကိုထမ်းသွားသောသူ့ကိုငြင်းဆန်ချိန်မရလိုက်

သန်မာလွန်းသောလက်တွေကြားအရုပ်လေးတရုပ်နှယ်ပါသွားသောကိုယ့်အဖြစ်က...............

"အားး လွှတ်~~ခများးးး"

ထိုလူကခမ်းနားလှသောစံအိမ်ထဲကအခန်းတခန်းထဲထည့်ပိတ်ကာထွက်သွားလေတော့သည်

အခန်းတခါးကိုကြောက်အားလန့်အားနှင့်တဒုန်းဒုန်းထုနေသော်လဲကူညီမည့်သူမရှိသည်မို့အခန်းတွင်းကိုလှည့်ကြည့်လိုက်မိတော့

"ဒီကိုလာခဲ့"

မီးရောင်မှိန်မှိန်အောက်ကsofaအကောင်းစားကြီးပေါ်မှာခြေထောက်ချိတ်ထိုင်လျက်လက်မှာလဲကြက်သွေးရောင်ဝိုင်ထည့်ထားတဲ့ဝိုင်ခွက်ကိုတည်ငြိမ်စွာကိုင်လျက်ကိုယ့်ကိုမော့တောင်မကြည့်ပဲပြော၏

C a l l o u s {Completed} Z And UWhere stories live. Discover now