C a l l o u s (16)

1.9K 134 6
                                    

"Xing Doctorခေါ် မြန်မြန်"

"Nae boss"

စိတ်ပူလိုက်တာညီရယ်
ကိုယ်အရမ်းမှားသွားခဲ့တယ်
ညီ့အတွက် အရာအားလုံးညီ့အတွက်လို့တွေးရင်းချောက်ကမ်းပါးစွန်းထိရောက်သွားရတာများလားး

"...ဆေးသွင်းပေးထားတယ် အားနည်းသွားတာ မနက်ကျသက်သာသွားလိမ့်မယ် Kris"

"Immပါ Sehun"

ညီ ငယ်ငယ်ကဆေးသွင်းဖို့မပြောနဲ့

ဆေးထိုးရမှာတောင်သိပ်ကြောက်တဲ့ညီ ခုတော့ ကုတင်ပေါ်မှာအားလျော့စွာလဲလျောင်းနေရပြီ

ကိုယ့်ရင်တွေသိပ်နာတယ် ညီရယ်
ကိုယ်တို့ကံကြမ္မာကသိပ်ကိုဆိုးဝါးလွန်းတယ်

"ချစ်တယ် ညီ"

နဖူးပြင်လေးကိုအနမ်းဖွဖွပေးရင်းးကျောမခိုင်းချင်ပဲကျောခိုင်းခဲ့ရတယ်

စိတ်မချဘူးညီရယ် ညီ့အနားအမြဲရှိချင်ခဲ့တာညီ့အရိပ်လေးလို.........

C a l l o u s

ထင်နိုင်ပါတယ်ညီ ကိုယ်ဟာ နှလုံးသားမရှိတဲ့လူတယောက် သံမဏိနှလုံးသားနဲ့စက်ရုပ်တခုလို့

တကယ်တော့ ညီ့ကြောင့်ကိုယ့်နှလုံးသားလေးအရည်ပျော်မကျသွားအောင်ထိန်းချုပ်နေရတာပါ

(Knock knock knock)

လက်ဆစ်တွေကိုအသုံးပြုပြီးညီ့အခန်းတခါးကို3ကြိမ်တိတိခေါက်လိုက်တယ်

အကြိမ်ကြိမ်ထိန်းချုပ်ထားခဲ့တယ် ကိုယ်ညီ့ကိုချစ်တယ်ဆိုတာညီမသိစေဖို့ အကြိမ်ကြိမ်ထိုးနှက်ခဲ့တယ်

ကိုယ့်နှလုံးသားကအချစ်တွေညီနားမလည်စေဖို့

ဒီလောက်ကြိုး​စားနေတဲ့ကြားကအရူးအနှမ်းတယောက်လိုညီ့အတွက်ကိုယ်စိုးရိမ်မှုတွေကိုမထိန်းချုပ်နိုင်တော့ဘူးလေ

မကြာခင်မှာထွက်ပေါ်လာမဲ့ညီ့အသံသေးသေးလေးကိုစောင့်စားနေမိတာမို့

"Naeee"

သံရှည်ဆွဲပြီးချစ်ဖ်ို့​ကောင်းအောင်ပြောတတ်လွန်းတဲ့ညီ့ရဲ့ခွင့်ပြုချက်အဆုံးမှာအခန်းတခါးကိုတွန်းဖွင့်ဝင်လာခဲ့တယ်

C a l l o u s {Completed} Z And UWhere stories live. Discover now