C a l l o u s (3)

3.1K 240 4
                                    

"breakfastလာပို့တာပါ"

အခန်းပြင်ကတခါးခေါက်သံနှင့်အတူတွဲပါလာသည့်စကားသံကြောင့်အပြေးလေးတခါးဖွင့်လိုက်တော့

အမည်မသိလူတယောက်ပင်

စားစရာတွေထည့်ထားသည့်ဗန်းအားကိုင်လျက်ရပ်နေသည်မို့သူဝင်နိုင်အောင်ထောင့်ကပ်ပေးလိုက်သည်

"Bossက စားပြီးရင်အောက်ဆင်းလာခဲ့ပါတဲ့"

"Ar……Naee"

ခေါင်းလေးငုံ့ကာပြောလိုက်တော့ထိုလူက
စားစရာတွေထားခဲ့ကာတခါးကိုပိတ်သွားလေတော့သည်

"Hmm"

သက်ပြင်းရှည်တခုကိုချလိုက်မိသည်
သူ့ကိုဘယ်လိုမျက်နှာနှင့်တွေ့ရမည်လဲ

နောက်ပြီးသူ့ကိုကျတော်သိပ်ကြောက်သည်
ယခုလဲဘာပြောဦးမည်မသိ

မျက်နှာသစ် ရေချိုး သန့်ရှင်းပြီးမနက်စာကိုခပ်သွက်သွက်စားကာဗီရိုထဲကအဝတ်အစားတစုံကိုတောက်ပြောင်စွာဆင်မြန်းကာ

တခါးကိုမရဲတရဲဖွင့်လိုက်တော့ခုနကလူကအသင့်စောင့်နေသည်လေ

"ပြင်ဆင်ပြီးပြီမလား…Bossစီခေါ်သွားပေးမယ်"

"nae"

သူ့စီသွားဖို့ခြေလှမ်းတွေကတွန့်ဆုတ်တွန့်ဆုတ်နှင့်
အေးစက်သောသူ့အကြည့်

စူးရှသောသူ့အကြည့်တွေထဲမှာသနားညှာတာမှုတစက်မှမရှိသည်ကိုကိုယ်သိခဲ့ပြီးပြီလေ

သူ့ကိုမျက်နှာချင်းဆိုင်ဖို့အတွက်စိတ်ငြိမ်ဆေးပင်သောက်ရမလို

(Knock knock)

"Boss chanyeolရောက်ပါပြီ"

အညိုရောင်တခါးချပ်ကြီးကိုထိုလူကခေါက်ရင်းပြောတော့အထဲမှတည်ငြိမ်အေးစက်လှသည့်သူ့အသံကပြတ်သားစွာထွက်ပေါ်လာသည်မို့ကျောပင်ချမ်းလာသည်

"ဝင်ခဲ့"

ထိုလူကကိုယ့်ကိုအခန်းထဲဝင်စေရန်မေးငေါ့ပြတော့မရွေ့သောခြေလှမ်းတို့ကိုအားယူ၍ရှေ့သို့ရွေ့လျားစေလိုက်သည်

(ဇုတ်)

အခန်းထဲကိုရောက်သွားတော့Suitအပြည့်ဝတ်ဆင်ထားသည့်ခံ့ညားလှသည့်သူကဓားမြှောင်တွေနှင့်ဆော့ကစားနေသည်လေ

C a l l o u s {Completed} Z And UWhere stories live. Discover now