C a l l o u s (9)

2.5K 199 8
                                    

"umm~~"

ဘယ်လောက်ကြာကြာမေ့မြောနေခဲ့တယ်မသိ တရွေ့ရွေ့လှုပ်ရှားနေတဲ့လက်ံတံတို့ကိုကြည့်လိုက်တော့12:30

ခံစားနေရတာကတော့မျက်လုံးတွေကမဖွင့်ချင်လောက်အောင်နာနေပြီ

အရမ်းပင်ပန်းနေသလိုခံစားနေရတာမို့ပြန်အိပ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ကိုယ့်နားမှာတယောက်ယောက်ရှိတယ်လို့ထင်မိတော့ဘေးကိုကြည့်လိုက်မိတယ်

"Yifan hyung!"

မထင်မှတ်ပဲနှုတ်ခမ်းဖျားကနေပါထွက်ကျလာရတယ် သူကကိုယ့်လက်တဖက်ကိုနူးညံ့စွာဆုပ်ကိုင်ရင်းမျက်ဝန်းတစုံကလှပစွာမှေးစက်နေသည်လေ

သူတချိန်လုံးကိုယ့်အနားရှိပေးခဲ့သည်များလားဆိုတဲ့ရူးမိုက်မိုက်အတွေးကခေါင်းထဲရောက်လာပြန်ခဲ့ပြီ

အနက်ရောင်ဆံနွယ်နွယ်ပျော့ပျော့တို့ကနဖူးပေါ်အိကျနေသည့်ပုံလေးကဖြူစင်လွန်းတဲ့ကလေး၁ယောက်နှယ်

ကိုယ့်ရဲ့မြတ်နိုးမှုတို့ဟာအတိုင်းမသိမြင့်တက်လာရပြီ
မှန်သည်

ကိုယ်တန်ရာတန်ရာမနေဘဲအဆင့်ကျော်ချင်နေမိပြီ နာကျင်ရမှန်းသိလျက်နဲ့ရှေ့ဆက်တိုးနေမိပြီ

yoonနဲ့ပတ်သက်ပီးနာကျင်ရမှုကခများကိုကျတော်.

~~~~ချစ်လို့ဆိုတာသိလိုက်ပြီ~~~

C a l l o u s

နှလုံးသားမရှိတဲ့လူတယောက်ကိုနှလုံးသားနူးညံ့တဲ့သူတယောက်ကမြတ်နိုးစွာချစ်မိသွားတဲ့အခါမှာ.........

သူကတော့မခံစားတတ်ပေမဲ့ကိုယ်ကတော့နာကျင်စွာနဲ့ဆက်လို့ချစ်တတ်ခဲ့တယ်

ကိုယ့်အချစ်တွေ သူသိပါစေ

"...Hooo"

အလင်းရောင်တို့ဖြာကျချိန်မှာသူအမြဲကိုယ့်အနားမရှိခဲ့တော့

ကိုယ့်ကိုဂရုစိုက်တယ်ဆိုတာသူမသိစေချင်လို့များလားဟုထင်မိသော်လဲသူဟာCallousဖြစ်တဲ့သူတယောက်ဆိုတဲ့အတွေးကပြန်လို့ဆန့်ကျင်နေပြန်ပြီ

"...chanyeol နိုးပြီလား"

တခါးအသာဖွင့်ပြီးဝင်လာသူကကိုယ့်ကိုစိတ်သက်သာမှုမပေးစွမ်းနိုင်ပါ

C a l l o u s {Completed} Z And UOnde histórias criam vida. Descubra agora