C a l l o u s (2)

4K 263 8
                                    

"အား ကျွတ် ကျွတ်"

နံနက်ခင်းနေရောင်ခြည်နွေးနွေးကကိုယ့်ကိုနိူးထစေလေတော့လေးလံနေသောမျက်ခွံတို့ကိုအသာဖွင့်လိုက်သည်

အဖြူရောင်မျက်နှာကျက်နဲ့အတူကျောပြင်မှနူးညံ့အိစက်သောအထိအတွေ့ကြောင့်ကုတင်ပေါ်ရောက်နေသည်ကိုသိလိုက်ရသည်

လှဲနေသည်မှထကာအသာထိုင်လိုက်တော့အောက်ပိုင်းစီကတဆစ်ဆစ်နာကျင်မှုကြောင့်မျက်ရည်အချို့ဝဲတက်သွားရသည်

ညကအိပ်မက်မဟုတ်ဘူးပဲ
wuyifanဆိုသည့်သူလဲကိုယ့်ဘေးတွင်ရှိမနေသည်မို့ရင်ထဲမှာဝမ်းနည်းမှုတို့ကဆို့နင့်လာပြန်သည်

သူကိုယ့်ကိုပျော်ရွှင်စွာကစားခဲ့ပြီးမှတယောက်ထဲနာကျင်မှုတွေပွေ့ပိုက်လျက်ချန်ရစ်ခဲ့သည်ပဲ

သူဟာ (Callous) နှလုံးသားကင်းမဲ့တဲ့လူသားတယောက်

(Knock Knock)

ဟိုဟိုဒီဒီရောက်နေသောအတွေးတို့အားကွယ်ပျောက်သွားစေသည်ကအခန်းပြင်မှာတခါးခေါက်သံ၂ချက်

စောင်ကိုရင်ဘတ်ထိလုံအောင်ဆွဲခြုံလိုက်သည်အဝတ်မပါသည့်ကိုယ့်အဖြစ်ကသိပ်ကိုရှက်ရွံ့စရာ

"bossကမင်းအတွက်ပြင်ထားတဲ့အခန်းထဲပို့ဖို့မှာလိုက်တယ်"

"Boss."

မသိနားမလည်ဟန်ဖြင့်မေးခွန်းထုတ်မိတော့အမည်မသိလူကဖြေသည်ကကိုယ့်ကိုကစားခဲ့သည့်ထိုသူ၏နာမည်ပင်

"boss Wu yi fanလေ"

"Ar......Nae.ကျတော် အဝတ်ဝတ်ပရစေဦး"

ထိုသူကခေါင်းတချက်ညှိမ့်၍အခန်းပြင်ထွက်စောင့်နေသည်ထင်ပါရဲ့

ကိုယ်လဲကြမ်းပြင်မှာ.
wuyifanဆိုသည့်သူခစားစေခဲ့သည့်ကိုယ့်အဝတ်အစားတွေကိုမြန်မြန်ကောက်စွပ်လိုက်ပြီးအခန်းပြင်ကိုထွက်လာလိုက်သည်

အောက်ပိုင်းကနာနေသည်မို့ထော့နဲ့ထော့နဲ့ဖြင့်သာ

"လိုက်ခဲ့"

ခမ်းနားကျယ်ဝန်းလှသောစံအိမ်ကြီးကိုလှည့်ပတ်ကြည့်နေရင်းပါးစပ်အဟောင်းသားဖြစ်နေသည့်ကိုယ့်ကိုရှေ့ကအမည်မသိလူကခေါ်ဆောင်သွားလေသည်

C a l l o u s {Completed} Z And UWhere stories live. Discover now