C a l l o u s (19)

1.7K 135 20
                                    

"...Amm......"

ခပ်နွေးနွေးနေရောင်ခြည်ကပြတင်းပေါက်ကနေဖြတ်သန်းဝင်ရောက်လာတော့မှညီ့အနားမှာအိပ်နေမိမှန်းသတိရကာအခန်းထဲကထွက်လာမိသည်

ညီမသိပါစေနဲ့လေ ကိုယ့်ဂရုစိုက်မှုတွေကို

အိပ်နေချိန်မှာအရမ်းချစ်ဖို့ကောင်းလွန်းတဲ့ညီ့ကိုအခန်းတခါးလေးအသာဟကာချောင်းကြည့်ရသည်မှာအခါခါ

ကိုယ်မပိုင်သော ရတနာ တခုအတွက်ကိုယ့်နာကျင်မှုတွေပေးဆပ်နေရတယ်လေ

နှလုံးသားကင်းမဲ့တဲ့(Callous)တယောက်ဆိုရင်ကိုယ်ဒီလောက်နာကျင်ရပါ့မလားးး

ဖြေပေးပါ ညီရယ်

ညီ့အပြုံးတွေကိုတောင့်တခဲ့လို့ကိုယ့်မျက်ရည်တွေဆုံးရှုံးရတယ်

ညီ့ရဲ့ရီမောခြင်းအတွက်ကိုယ်အကြိမ်ပေါင်းများစွာငိုကြွေးရတယ်

ညီ့ပျော်ရွှင်မှုအတွက် ကိုယ့်နာကျင်မှုတွေကိုပေးဆပ်နေရတယ်

ဒါဟာ ဘုရားသခင်ချမှတ်ထားတဲ့စည်းမျဉ်းထင်ပါရဲ့

"အာ့"

ကိုယ့်ရဲ့အချစ်ရဆုံးသူတည်ရှိရာနေရာနဲ့တထစ်ချင်းစီဝေးကွာသွားစေတဲ့လှေကားကိုချန်ရစ်ခဲ့စဉ်မှာပဲခေါင်းထဲကထိုးကျင်သည့်ဝေဒနာကတဖန်ထကြွလာသည်မို့လှေကားလက်တန်းကိုသာအားပြုကာခန္ဓာကိုယ်ကိုထိန်းထားလိုက်သည်

လဲပြိုကျလို့မဖြစ်ဘူးး
ညီကကိုယ့်ကိုလိုအပ်သေးတယ်
တကယ်တော့...

ကိုယ်ကညီ့ကိုလိုအပ်နေခဲ့တာပါ

အကိုက်အခဲပျောက်ဆေးသောက်ထားတာမို့အနည်းငယ်သက်သာသွားတော့ကိုယ့်ကလေးလေးစားဖို့ဆန်ပြုတ်ပြုတ်လိုက်သည်

နေမကောင်းရင်ထမင်းစားလို့မဖြစ်ဘူးလေ

"အားးး!"

လက်ပေါ်အနည်းငယ်မှောက်ကျသွားလို့ပူကျစ်သွားပေမဲ့ပန်းကန်ကိုလွှတ်မချလိုက်မိ
ညီ့အတွက်လေ.........

ဒီနာကျင်မှုကကိုယ့်နှလုံးသားလေးနာကျင်တာနဲ့ဆိုရင်ဘာမှမဟုတ်ပါဘူး

"Xing......ညီနိုးလောက်ပြီ ဆန်ပြုတ်သွားပို့လိုက်ပါ"

ကိုယ်အပူလောင်ခံပြီးပြုတ်ပေးထားတာမို့ညီ့ကိုစားစေချင်သည်

C a l l o u s {Completed} Z And UWhere stories live. Discover now