"Xing Doctorခေါ် မြန်မြန်"
"Nae boss"
စိတ်ပူလိုက်တာညီရယ်
ကိုယ်အရမ်းမှားသွားခဲ့တယ်
ညီ့အတွက် အရာအားလုံးညီ့အတွက်လို့တွေးရင်းချောက်ကမ်းပါးစွန်းထိရောက်သွားရတာများလားး"...ဆေးသွင်းပေးထားတယ် အားနည်းသွားတာ မနက်ကျသက်သာသွားလိမ့်မယ် Kris"
"Immပါ Sehun"
ညီ ငယ်ငယ်ကဆေးသွင်းဖို့မပြောနဲ့
ဆေးထိုးရမှာတောင်သိပ်ကြောက်တဲ့ညီ ခုတော့ ကုတင်ပေါ်မှာအားလျော့စွာလဲလျောင်းနေရပြီ
ကိုယ့်ရင်တွေသိပ်နာတယ် ညီရယ်
ကိုယ်တို့ကံကြမ္မာကသိပ်ကိုဆိုးဝါးလွန်းတယ်"ချစ်တယ် ညီ"
နဖူးပြင်လေးကိုအနမ်းဖွဖွပေးရင်းးကျောမခိုင်းချင်ပဲကျောခိုင်းခဲ့ရတယ်
စိတ်မချဘူးညီရယ် ညီ့အနားအမြဲရှိချင်ခဲ့တာညီ့အရိပ်လေးလို.........
C a l l o u s
ထင်နိုင်ပါတယ်ညီ ကိုယ်ဟာ နှလုံးသားမရှိတဲ့လူတယောက် သံမဏိနှလုံးသားနဲ့စက်ရုပ်တခုလို့
တကယ်တော့ ညီ့ကြောင့်ကိုယ့်နှလုံးသားလေးအရည်ပျော်မကျသွားအောင်ထိန်းချုပ်နေရတာပါ
(Knock knock knock)
လက်ဆစ်တွေကိုအသုံးပြုပြီးညီ့အခန်းတခါးကို3ကြိမ်တိတိခေါက်လိုက်တယ်
အကြိမ်ကြိမ်ထိန်းချုပ်ထားခဲ့တယ် ကိုယ်ညီ့ကိုချစ်တယ်ဆိုတာညီမသိစေဖို့ အကြိမ်ကြိမ်ထိုးနှက်ခဲ့တယ်
ကိုယ့်နှလုံးသားကအချစ်တွေညီနားမလည်စေဖို့
ဒီလောက်ကြိုးစားနေတဲ့ကြားကအရူးအနှမ်းတယောက်လိုညီ့အတွက်ကိုယ်စိုးရိမ်မှုတွေကိုမထိန်းချုပ်နိုင်တော့ဘူးလေ
မကြာခင်မှာထွက်ပေါ်လာမဲ့ညီ့အသံသေးသေးလေးကိုစောင့်စားနေမိတာမို့
"Naeee"
သံရှည်ဆွဲပြီးချစ်ဖို့ကောင်းအောင်ပြောတတ်လွန်းတဲ့ညီ့ရဲ့ခွင့်ပြုချက်အဆုံးမှာအခန်းတခါးကိုတွန်းဖွင့်ဝင်လာခဲ့တယ်
ESTÁS LEYENDO
C a l l o u s {Completed} Z And U
Fanficနှလုံးသားမရှိတဲ့လူတယောက်ကိုမှကျတော်ချစ်မိခဲ့တာလား... ႏွလုံးသားမရွိတဲ့လူတေယာက္ကိုမွက်ေတာ္ခ်စ္မိခဲ့တာလား... ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏ You can read both uni and zawgyi code. (Krisyeol) -bl #EXO Fanfiction Myanmar #KRISYEOLFANFIC #BLFICTION Written by Author-Thurai...