C a l l o u s (6)

2.8K 226 12
                                    

"Umm~~"

နေရောင်ခြည်ရဲ့နွေးထွေးမှုကြောင့်လေးလံနေတဲ့မျက်ခွံတွေကိုဖွင့်ဟလိုက်တော့

အော် ကိုယ်ပြန်ရောက်နေပြီပဲ

တဆစ်ဆစ်နှင့်ကိုက်လာသည့်ခေါင်းကိုဖိကိုင်ရင်းကုတင်ပေါ်ကဆင်းမည်လုပ်တော့

(Knock knock knock)

"Naee"

ဝင်လာဖို့ပြောလိုက်တော့ထင်ထားသလိုXingမဟုတ်ပဲ Yifan..

"Yi yi fan!"

သူလာတော့အိပ်ယာပေါ်ကကုန်းရုန်းထလိုက်မိသည် ကိုယ့်ရှေ့မှာရပ်နေသည့်သူ့ကိုမျက်နှာချင်းဆိုင်လိုက်ပေမဲ့ဒူးတွေကမခိုင်တော့ပဲလဲကျသွားရသည်

သို့ပေမဲ့

ကြမ်းပြင်ပေါ်ကိုမဟုတ်ပဲသူ့ရင်ခွင်ကျယ်ကြီးထဲကို..

သူ့လက်ကကိုယ့်ခါးကနေဆွဲကိုင်ထိန်းပေးထားပြီးသူ့မျက်နှာကကိုယ်နဲ့ဘယ်လောက်မှမကွာတော့တာမို့

သူ့ဝင်လေထွက်လေနွေးနွေးကကိုယ့်နှာခေါင်းထိပ်နားစီရိုက်ခတ်နေသည်မို့တလှပ်လှပ်ဖြစ်နေသောရင်ခုန်သံတို့ကစည်းချက်မညီညာတော့ပေ

သူနှင့်နီးကပ်ရသည့်ခဏတာအချိန်လေးကိုပင်ကိုယ်နှစ်သက်သည်

သူ့မျက်ဝန်းနက်နက်တစုံထဲမှာကိုယ့်ပုံရိပ်ထင်နေသည်ကိုလဲမြတ်နိုးသည်

သူနှင့်အကြည့်ချင်းဆုံကာစကားလုံးတို့ကထပ်တူပျောက်ဆုံးနေသည်မှာကမ္ဘာပေါ်မှအရာအားလုံးဟာရပ်တန့်သွားသလို

ထိုအချိန်ခဏကိုကိုယ့်ရင်ထဲတွင်ထာဝရသိမ်းဆည်းထားချင်မိပါရဲ့

"ah~~အဟမ်း~အ~အဆင်ပြေရဲ့လား"

သူ့စကားသံတချို့ကြောင့်သာသူ့စီမှာပျောက်ဆုံးသွားသည့်ကိုယ့်စိတ်တို့ကိုပြန်စုစည်းလိုက်ရသည်

ခါးမှလက်တို့ကိုသူလွှတ်ချလိုက်ကာအကြည့်တို့ကိုကြမ်းပြင်စီသို့သာပို့၍မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေသည့်သူ့ပါးပြင်သည်ပန်းနုရောင်သန်းသွားသယောင်

ဆံစအချို့ကနဖူးပြင်ဖွေးဖွေးပေါ်အိကျလျက်အလွန်ပင်ကြည့်ကောင်းနေသည်

C a l l o u s {Completed} Z And UWhere stories live. Discover now