C a l l o u s (20)

1.8K 145 13
                                    

"ကျတော့်ကိုအနားမှာမရှိစေချင်တော့ဘူးလားဟင်??'

မျက်နှာနွမ်းနွမ်းလေးနဲ့ညီ့ရဲ့မေးခွန်းကိုကိုယ်ဘယ်လိုများဖြေရပါ့မလဲ

ရှိစေချင်တာပေါ့ ဒါပေမဲ့ ကိုယ့်အနားမှာအမြဲနေလို့မဖြစ်နိုင်သလို ညီ့ဘဝတက်လမ်းကကိုယ့်ကြောင့်ပိတ်သွားမှာကြောက်လို့လေညီရယ်

အကြိမ်ကြိမ် တားဆီးနေပါရက်နဲ့

ညီ့ကိုချန်မထားရစ်ခဲ့ပဲရူးသွပ်ခဲ့မိတာ အခုအကြိမ်လဲဆက်လို့ရူးသွပ်နေမိပြန်ပြီ

"ရှိစေချင်ပါတယ် Yeolရှိနေရင်ကိုယ့်ဘေးမှာYoonရှိနေသလိုပဲလေ"

အချိုမြိန်ဆုံးစကားလုံးတွေနဲ့မပျော်ရွှင်စေခဲ့လို့ကိုယ်တောင်းပန်ပါတယ်ညီ......

နာကျင်နေပါရက်နဲ့မျက်ရည်မကျနိုင်တဲ့ကိုယ့်ကိုယ်ကိုလဲမုန်းမိပါတယ် ညီ

"ကိုယ်အလုပ်သွားဦးမယ် တခုခုလိုတာရှိရင်Xingကိုပြောနော်"

ဟန်ဆောင်ရတာတွေအတွက်ကိုယ်အရမ်းပင်ပန်းလို့ပါညီ...
ညီမသိဘူးမလားး
ညီလိုအပ်နေတဲ့အရာအားလုံးကိုကိုယ်သာဖြည့်ဆည်းပေးခဲ့တယ်ဆိုတာ

"Omm"

ညှိုးကျသွားတဲ့မျက်နှာလေးနဲ့အတူဝေ့နေတဲ့မျက်ရည်ကြည်တို့ကညီခေါင်းငုံ့လိုက်တဲ့အချိန်မှာပဲသတိထားမိတယ်

မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ကာမျက်ရည်တို့ကိုတားဆီးနေရှာသည့်ကိုယ့်ရဲ့အချစ်ဆုံးသူအတွက်စိတ်မကောင်းး

ချစ်ရသူရဲ့အပြုံးကိုသာမြင်ချင်တဲ့အတ္တကြီးသူဟာကိုယ်ပါလေ

ညီ့ပျော်ရွှင်မှုနဲ့အတူကိုယ့်နှလုံးသားရဲ့ဒဏ်ရာကိုအနည်းငယ်သက်သာဖို့ညီ့နှုတ်ခမ်းလေးကိုနူးညံ့စွာသုံးဆောင်လိုက်မိတယ်
ပါးအိအိလေး၂ဖက်ကိုအုပ်ကိုင်ရင်းးချိုမြိန်တဲ့အနမ်းတခုကိုဖန်တီးတော့ညီကအလိုက်သင့်

တော်သင့်ပြီမို့ဖယ်ခွာလိုက်ပေမဲ့ညီကိုယ့်ကိုလွှတ်မပေးခဲ့ဘူးး

ဟင့်အင်း ညီကိုယ့်ကိုချစ်နေတာလား??
မဖြစ်ဘူးညီ မဖြစ်ဘူး

C a l l o u s {Completed} Z And UWhere stories live. Discover now