C a l l o u s (14)

1.9K 142 12
                                    

ကိုယ်သိတယ် ဒီလောက်ဆိုလုံလောက်ပြီဆိုတာကို သိသားနဲ့ချိုမြိန်လွန်းတဲ့ညီ့နှုတ်ခမ်းတွေကိုရမ္မက်ကြီးစွာနဲ့သုံးဆောင်နေခဲ့တာ

"ဟင့်"

ကိုယ့်ကြောင့်ကျနေရတဲ့ညီ့မျက်ရည်တွေရဲ့စိုစွတ်မှုတွေကိုမခံစားချင်တော့လို့လွှတ်ပေးလိုက်တော့

ငယ်ငယ်ကလိုပဲ တုန်ယင်စွာနဲ့ထွက်လာတဲ့ ရှိုက်သံလေးကြောင့်ကိုယ့်ရင်ကိုမီးစနဲ့ထိုးလိုက်သလိုနာကျင်ရတယ်

ကိုယ့်အနမ်းတခုကြောင့်တော့မငိုပါနဲ့လားညီရယ်

"Wae..ငါနမ်းတာမကြိုက်ဘူးလား"

အချိုမြိန်ဆုံးအနမ်းတခုမဖန်တီးပေးနိုင်လို့ကိုယ်တောင်းပန်ပါတယ်ညီရယ်

"မ မဟုတ်ပါဘူး ဟင့်..."

မဟုတ်ဘူးသာငြင်းနေတာကိုယ့်ကိုကြောက်လို့ဆိုတာကိုယ်သိပါတယ်ညီရယ်

ကလေးလေးတယောက်လိုဆိုးနွဲ့ခွင့်ဒီအချိန်မှာကိုယ်မပေးနိုင်တော့လို့လဲအရမ်းနာကျင်ရပါတယ်

"တိတ်စမ်းး $မျက်ရည်ကလွယ်လိုက်တာ"

မဟုတ်ဘူးညီ ညီငိုတာကိုယ်မကြည့်နိုင်တော့လို့ပါကွာာ ညီ့မျက်လုံးထဲကမျက်ရည်ကျအောင်လုပ်နေတဲ့ကိုယ့်ကိုယ်ကိုမုန်းလွန်းလို့ပါ

ရင်ထဲကနူးညံ့တဲ့စကားလုံးတို့ဟာနှုတ်ခမ်းဖျားကထွက်တိုင်းကြမ်းတမ်းသွားရမှာကိုယ့်တာဝန်မို့ခွင့်လွှတ်ပါညီ

"Xing သူ့ကိုပြန်ခေါ်သွားတော့"

"Nae"

ရှိုက်သံလေးတွေထွက်မှာကြောက်လို့လက်ဖဝါးလေးနဲ့အုပ်ရင်းဆက်ငိုတတ်တဲ့အကျင့်မပျောက်သေးဘူးနော် ညီ

ညီ့မျက်ရည်တွေကိုသုတ်ပေးခွင့်မရတဲ့ကိုယ့်လိုလူကိုမုန်းပေးပါညီရယ်

Xingခေါ်သွားတာကိုငိုရင်းလိုက်ပါသွားတဲ့ညီ့နောက်ကျောကိုသာအပြုံ းတခုနဲ့ကိုယ်ငေးမောကြည့်နိုင်တယ်ညီရယ်

ကိုယ်ဟာအရှုံးသမားတယောက်......

"အ့......"

ရုတ်တရက်ခေါင်းကတဆစ်ဆစ်ကိုက်လာပြန်သည်မို့စားပွဲပေါ်မှာတင်ထားတဲ့ဆေးဘူးလေးထဲကဆေး၃လုံးလောက်သောက်လိုက်မိသည်

C a l l o u s {Completed} Z And UWhere stories live. Discover now