C a l l o u s (21)

1.9K 146 10
                                    

third person'pov

"…Saranghae…Hyung"

မမျှော်လင့်ထားတဲ့စကားတခွန်းကြောင့်Yifanတယောက်အံ့သြသွားပြီးစကားလုံးတွေပျောက်ဆုံးသွားရပေမဲ့Chanyeolကတော့အပြုံးတခုနဲ့သာပါပဲ

ချစ်တယ်လို့ရိုးသားစွာနဲ့ဝန်ခံနိုင်မဲ့အခြေအနေတခုဟာသူ့အတွက်မရှိဘူးမို့နာကျင်စွာနဲ့ကျောခိုင်းတာဟာအကျင့်တခုလိုဖြစ်နေခဲ့ပြီလေ

"…Ar……good night yeol"

ထိုင်နေရာကနေထရပ်လိုက်ပြီးးမသေချာတဲ့အချစ်အတွက်အချိန်ခဏတာမျှဆွဲပြီးကျောခိုင်းလာခဲ့ပြန်တယ်
မနက်ဖြန်အတွက်ကမသေချာသေးတာမို့အချစ်ဆိုတာကိုဖုံးကွယ်ထားကြရအောင်လားဟင်

(ဒုန်းး)

"…Anwelll……ဘာကြောင့်ကိုယ့်ကိုမမုန်းတာလဲYeolရယ်"

အဖြူရောင်နံရံမှာတော့Yifanလက်ဆစ်ကနေစီးကျလာတဲ့အနီရောင်သွေးရဲရဲတို့ကအရောင်ခြယ်လျက်

ကိုယ်အနာကျင်ခံပြီးသူ့စီကအမုန်းကိုရှာဖွေခဲ့ပေမဲ့ သူ့ရလဒ်က ကိုယ့်ကိုချစ်တယ်တဲ့လေ

ကိုယ့်ဟာအသက်ရှင်နိုင်မယ်ဆိုရင်မျှော်လင့်ချက်လေးတခုတော့ထားကြည့်မယ်နော်

Yeolကိုချစ်တယ်လို့ပြောနိုင်ဖို့………

ဘုရားသခင်ရဲ့အရိပ်မှာမခိုနားချင်သေးပဲငြင်းဆန်ခွင့်ရှိနိုင်မလားးး

ထားခဲ့ဖို့အတွက်အဆင်သင့်မဖြစ်ဘူးး

သူမရှိဘဲသွားရမဲ့ခရီးကြမ်းတခုအတွက်အချိန်အတိုင်းအတာတခုလိုအပ်နေသေးတယ်

ချစ်တယ်လို့ပြောဖို့နဲ့လက်တွဲနိုင်ဖို့အတွက်အသက်ဆက်ဖို့လိုတယ်

အက်ကွဲနေတဲ့နှလုံးသားကိုပဲ့ကြွေကျမသွားအောင်ချစ်တယ်ဆိုတဲ့စကားလုံးလေးကိုတိတ်တခိုးပြောရင်းချစ်ခဲ့ရပါတယ် ချစ်သူ

ပန်းနုရောင်နှုတ်ခမ်းလုံးလုံးလေးတို့ကအသာအယာလှုပ်ခတ်ရင်းထွက်လာတဲ့စကားတခွန်း

Yeolပိုင်ဆိုင်တဲ့နှလုံးသားဟာလဲလျှို့ဝှက်မှုတွေထဲတိမ်မြုပ်လို့နာကျင်နေရပါပြီ

"…hyung ရက်စက်လိုက်တာ"

ခြံထဲကYeolကတော့သူပေးခဲ့တဲ့နှင်းဆီပွင့်တို့မြေမှာခကြွေစေရင်းပါးပြင်ပေါ်ကမျက်ရည်တွေဟာလရောင်အောက်မှာအထင်းသားကြည်လဲ့နေခဲ့လေရဲ့

C a l l o u s

"Xing!!… A appaဆုံးသွားပြီဟုတ်လား!!!"

"Nae"

အေးစက်စက်နဲ့ပဲအဖြေပေးတဲ့Xingရဲ့စကားမှာYifanဒူးတွေခွေညွှတ်သွားခဲ့ရတယ်

ကံကြမ္မာကကိုယ့်ကိုမျက်နှာသာမပေးပါလားး
ကံဆိုးမှုတွေတန်းစီလို့ကိုယ့်ဘဝထဲဝင်လာခဲ့ပြီပဲ

Appa ယာဉ်တိုက်မှုဖြစ်ပြီးဒီနေ့ပဲဆုံးသွားပြီတဲ့လေ

Ar အကောင်းဘက်ကတွေးစမ်းပါYifan
yeolကိုအန္တရာယ်ပေးမဲ့သူမရှိတော့ဘူးလို့လေ

"Hmmm……ညီ အိပ်နေပြီလား"

"Nae boss"

အမြဲတမ်းခိုးကြည့်နေရတဲ့အခိုက်အတန့်လေးတွေမှာသိပ်ပျော်ရပါတယ် ချစ်တယ်လို့ပြောပ့ါမယ်

ကိုယ့်အတွက်မျှော်လင့်ချက်ရောင်ခြည်သာလင်းလက်လာခဲ့မယ်ဆိုရင်ပေါ့

(Chu)

ကုတင်ပေါ်မှာလဲလျောင်းအိပ်စက်နေတဲ့ညီ့နဖူးပေါ်ဝဲကျနေတဲ့ဆံစံတို့ကိုသပ်ပေးလိုက်ပြီးးအနမ်းတပွင့်ခြွေလိုက်တယ်

နှင်းဆီရောင်သန်းနေတဲ့ပါး၂ဖက်ကိုလဲကြင်နာစွာနမ်းရှိုက်လိုက်တယ်

မြတ်နိုးရတဲ့ပါးချိုင့်လေးတွေဟာကိုယ့်ကြောင့်အထင်းသားပေါ်လွင်စေချင်ပေမဲ့မျက်ရည်တို့သာစီးဆင်းစေခဲ့တဲ့အတွက်စိတ်မကောင်းပါဘူး ချစ်သူ

"…အရမ်းချစ်တယ် ညီ…"

ဒီတကြိမ်ဟာတိတ်တခိုးနမ်းရှိုက်ရင်းအချစ်တွေကိုဖွင့်ဟခဲ့တဲ့အရင်ရက်တွေလိုမဟုတ်တော့ဘူးဆိုတာသူမသိနိုင်ခဲ့ပါ

တခါးအသာဖွင့်လို့ကျောခိုင်းခဲ့တဲ့သူဟာခေါင်းအုံးထက်မှာမျက်ဝန်းတွေမှိတ်ထားလျက်ပင်မျက်ရည်တစက်ကြွေကျသွားခဲ့ရတဲ့yeolကိုမမြင်နိုင်ခဲ့ဘူးလေ

သူသာမြင်နိုင်ခဲ့မယ်ဆိုရင်အခြေအနေတွေကတမျိုးတဖုံပြောင်းလဲသွားခဲ့မှာအသေအချာပါပဲ

♥To be continued♥

#Thurein

C a l l o u s {Completed} Z And UWhere stories live. Discover now