"ချစ်တယ် ညီ..."
ဒီအချိန်ဆိုညီတယောက်အခန်းထဲမှာဘာတွေလုပ်နေပြီများလဲ တွေးရင်းပျော်မိသား
ညီကဒီလိုခမ်းနားတဲ့နေရာမျိုးကိုအိပ်မက်တောင်မမက်ဖူးခဲ့မှန်းကိုယ်သိတယ်လေ
ညီ သူ့အိပ်ယာကိုပဲသဘောကျနေမှာများလား
ဒါမှမဟုတ် ငယ်ငယ် က ညီ့လက်လေးကိုဆူးစူးစေခဲ့တဲ့နှင်းဆီနီပန်းအိုးကိုပဲနမ်းရှိုက်နေမလားး
အခန်းကိုသဘောတကျလှည့်ပတ်ကြည့်နေမလား ဆိုတဲ့အတွေးတို့ကခေါင်းထဲတဖြတ်ဖြတ်ဝင်လာသည်နှင့်နှုတ်ခမ်းစပ်တို့ကအလိုလိုတွန့်သွားရတယ်
အကြိမ်ကြိမ်အခါခါပြောချင်နေတဲ့စကားလုံးအချို့ကိုညီ့ကွယ်ရာမှာကိုယ်အမြဲပြောနေခဲ့ပါတယ်
ညီတယောက်ကြားပါလေစ
"Boss park chanyeolရောက်ပါပြီ"
တခါးခေါက်သံနှင့်အတူညီ့နာမည်လေးကြားတာနဲ့ရင်ထဲပီတိဖြစ်သွားရပေမဲ့အေးစက်တဲ့ပုံကိုပြဖို့ဓားမြှောင်တခုကိုသာလှည့်လို့ဆော့ကစားနေလိုက်တယ်
ပစ်မှတ်ကတော့ကိုယ့်နှလုံးသားလေး
ဟုတ်တယ်
ညီ့စီကအမုန်းတွေရဖို့ကြိုးစားနေတဲ့ရူးမိုက်တဲ့နှလုံးသားလေးကိုသာပစ်မှတ်ထားချင်မိတယ်"ဝင်ခဲ့"
မျက်ခွံတို့ကိုအသာပိတ်ကာစိတ်ကိုလျှော့ချလိုက်ပြီးခပ်မာမာပုံစံမျိုးဆက်ဆံနိုင်အောင်ကြိုးစားရသည်မှာကိုယ့်အတွက်သိပ်ခက်ခဲလှသည်
(ဇုတ်)
လွမ်းနေရတဲ့ခြေသံလေးကိုပြန်ကြားရတဲ့အခါမှာလက်ထဲကဓားကိုပစ်မှတ်စီသို့ဦးတည်လိုက်ပြီးးထိုင်နေရာမှထကာညီ့ကိုမျက်နှာချင်းဆိုင်လိုက်သည်
တခါမှမမေ့နိုင်ခဲ့သောညီ့ပုံရိပ်ဟာကိုယ့်နှလုံးသားထဲစွဲမြဲစွာ
ရီလိုက်တိုင်းပါးပြင်အိအိမှာပေါ်လာတဲ့ပါးချိုင့်လေးတွေဟာကိုယ်အမြတ်နိုးဆုံးအရာ
ကိုယ်အနှစ်သက်ဆုံးအရာ
ညီပျော်ရွှင်တာကိုပဲကိုယ်အမြဲကြည့်ချင်နေခဲ့တာပါညီ
![](https://img.wattpad.com/cover/142829108-288-k776278.jpg)
BINABASA MO ANG
C a l l o u s {Completed} Z And U
Fanfictionနှလုံးသားမရှိတဲ့လူတယောက်ကိုမှကျတော်ချစ်မိခဲ့တာလား... ႏွလုံးသားမရွိတဲ့လူတေယာက္ကိုမွက်ေတာ္ခ်စ္မိခဲ့တာလား... ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏ You can read both uni and zawgyi code. (Krisyeol) -bl #EXO Fanfiction Myanmar #KRISYEOLFANFIC #BLFICTION Written by Author-Thurai...