Callous(Extra)

1.8K 138 11
                                    

"Hyunggg ကျတော်အိပ်မပျော်ဘူး"

"wuri baby လေးအိပ်မပျော်ဘူးလား အာ့ဆိုကိုယ်ချော့သိပ်မှာပေ့ါ"

ဝက်ဝံရုပ်ကြီးကိုတဖက်ကပွေ့ဖက်ထားရင်းးလူကိုလဲလာဖက်သည် လောဘကြီးပုံများး

"လာ ကိုယ်ဖက်ထားပေးမယ်"

ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးကျောပြင်လေးကိုပုတ်ကာဆံနွယ်နက်နက်လေးတွေကိုတိတ်တခိုးနမ်းရှိုက်လိုက်သည်

အနီးကပ်ဆုံးနေရာမှရရှိသည့်ညီ့ကိုယ်သင်းနံ့လေးကသိပ်ကိုမွှေးပျံ့သည်ပဲ

"...Good night yeol"

ညီ့ခေါင်းလေးပေါ်မေးတင်ကာထိုညကိုသာယာစွာကုန်ဆုံးစေခဲ့သည်

ချစ်သူနှင့်ဖြတ်သန်းရသောညတို့ကားနွေးထွေးလှပေစွ

"Hyung......morning Kiss"

နိုးခါစမှာပဲအိပ်မှုန်စုံမွှားနှင့်morning kissလာလုပ်နေသေးသည့်ကလေးငယ်အားရီချင်မိသည်

ဆံပင်တွေကရှုပ်ပွလို့အဝတ်အစားတွေကလဲဖရိုဖရဲနှင့်သိပ်ကိုချစ်ဖို့ကောင်းတဲ့ကလေးငယ်ကိုမှမချစ်ရင်မှားမည်လေ

{chu}

ကိုယ့်ညီအလိုကျအချိုမြိန်ဆုံးသောအနမ်းတခုကိုချစ်သူနှုတ်ခမ်းပေါ်တွင်တံဆိပ်ခတ်နှိပ်လိုက်တော့ပါးချိုင့်လေးတွေပေါ်အောင်ပြုံးရင်းရင်ခွင်ထဲတိုးဝင်လာပြန်သည်

(Knock Knock)

"Boss.ကားပြင်ပြီးပါပြီ"

xingတယောက်အတင်းကာရောဝင်လာကာပြောတော့ကားသာပြင်ပြီးသည်ကိုယ်ကညီနှင့်ကြည်နုးလို့ကောင်းတုန်းး

"ကိုယ်အလုပ်သွားဖို့ပြင်လိုက်ဦးမယ်နော်"

"Araseoo"

(mwah)

ကိုယ့်ပါးကိုရွှတ်ခနဲနမ်းရင်းးအကဲတွေပိုနေသည့်ညီ့အနားအမြဲနေချင်မိသည်

ညီအနားမှာမရှိတိုင်းလွမ်းနေရသည်မှာအစဉ်

(Te te te)

"Hello!,"

"Hyungggg"

အလုပ်တဖက်နှင့်ဖုန်းကလဲကိုင်ထားသေးး
ကိုယ့်ချစ်သူလေးနှင့်ပြောနေသည်မို့လေ

"ဒီနေ့စောစောပြန်လာနော်Hyung.ကျတော်ညစာပြင်ထားတယ်"

"Aigooo.ကိုယ့်babyလေးချစ်ဖို့ကောင်းလိုက်တာ အွန်းပါ စောစောပြန်ခဲ့မယ်"

ဘယ်တုန်းကဒီလောက်ရင့်ကျက်သွားတယ်မသိ ကိုယ့်ကလေးလေး အရမ်းချစ်ဖို့ကောင်းတာပဲ

"ချစ်တယ်Hyung ¡<3"

"narduu"

ဖုန်းမချချင်အောင်ချွဲနေသည့်ကလေးလေးကိုယ့်အနားအမြဲရှိနိုင်အောင်ကိုယ့်လက်တွဲဖော်အဖြစ် ဖြစ်ခွင့်ပေးသင့်ပြီ

C a l l o u s

"Hyung……Hyunggg"

တအိမ်လုံးမီးတွေမှိတ်ထားသည့်ကြား ကိုယ့်ကိုအော်ခေါ်နေသည့်ကလေးလေးကသူ့ရှေ့ကိုယ်ရောက်နေမှန်းမသိ

"…Yeol ah……"

"Hyung ဘာလို့မီးပိတ်ထားတာလဲ??"

"ပြစရာရှိလို့"

နူးညံ့လှသောကိူယ့်ချစ်သူလေးရဲ့လက်ကိုဆွဲကာခြံထဲခေါ်လာလိုက်သည်

"!!Hyung!!"

အသဲပုံဘောလုံးလေးတွေအလှဆင်ထားတဲ့အကြားးးထိုးထားတဲ့စာတန်းလေးက

(would you marry me??)

"Yeol ah ကိုယ့်ကိုလက်ထပ်နိုင်မလားဟင်??"

မြက်ခင်းပြင်ပေါ်ဒူးတဖက်ထောက်လျက်လက်စွပ်ထည့်ထားတဲ့သေတ္တာလေးကိုဖွင့်ရင်းကိုယ့်ရှေ့ရပ်နေတဲ့အမြတ်နိုးဆုံးလူသားထံမှောက်အဖြေတစုံတရာကိုစောင့်ဆိုင်းနေမိသည်

"Hyung~~"

ပါးချိုင့်လေးတွေပေါ်အောင်ပြုံးနေသည့်အပြင်ဝမ်းသာလွန်းလို့အရည်ကြည်တချို့ကလဲမျက်ဝန်းလှလှထဲမှာနေရာယူလျက်

"ကိုယ့်ကိုyeolဘဝလက်တွဲဖော်အဖြစ်သတ်မှတ်နိုင်မလားး??"

မျက်လုံးလေးတွေကဝင်းလက်လျက်အခါခါခေါင်းညှိမ့်တဲ့ကလေးလေးရဲ့လက်ချောင်းသွယ်သွယ်တချောင်းမှာကိုယ့်လက်စွပ်ကိုနေရာယူစေလိုက်တယ်

"အရမ်းချစ်တယ် Hyung"

ကိုယ့်ရင်ခွင်ထဲတိုးဝင်လို့ခါးကိုတင်းတင်းဖက်ထားတဲ့ကလေးကိုနုးညံ့စွာပြန်လည်ပွေ့ဖက်လိုက်တယ်

ဖြာကျနေတဲ့လရောင်အောက်မှာတော့အကြင်နာချင်းဖလှယ်နေကြတဲ့ကောင်လေး၂ယောက်

*The End*

#Thurain

C a l l o u s {Completed} Z And UWhere stories live. Discover now