(C a l l o u s 18)

297 22 0
                                    

"ဘာဖြစ်လို့ ပြုံးစိစိလုပ်နေတာလဲ yeol"

"Ah! arni"

ငယ်ငယ်တုန်းကလိုဟာသတွေပြောကြပြီးရီမောခွင့်လေးပေးချင်မိတယ်ညီ

ရိုးသားပြီးအပြစ်မဲ့တဲ့ညီကလူတယောက်ကိုချစ်မိသွားရင်အစွဲအလမ်းမဖြတ်နိုင်တာလဲကိုယ်သိတယ်

အာ့ကြောင့် ညီကိုယ့်ကိုချစ်သွားလို့မဖြစ်ဘူး

ညီရှေ့တလှမ်းတိုးလာတိုင်းကိုယ်နောက်၂လှမ်းဆုတ်မှဖြစ်မယ်
ဒါမှကိုယ်တို့ပိုဝေးကွာသွားကြမှာလေ

ညီ့မျက်ဝန်းထဲကမြတ်နိုးမှုအငွေ့အသက်တွေကိုလွင့်ပါသွားစေပါတော့လေ

ကိုယ့်ကြောင့်နဲ့ညီ့ကိုမထိခိုက်စေချင်လို့ပါ နော်

"ဒါနဲ့လေ...... ဘာလို့ ခြံထဲမှာ နှင်းဆီပန်းတွေပဲစိုက်ထားရတာလဲဟင်??"

ညီ့ရဲ့အမေးကြောင့်ခဏမျှတိတ်ဆိတ်သွားပြီးညီကိုယ့်ကိုမုန်းနိုင်မည့်စကားလုံးမျိုးကိုရှာဖွေနေမိသည်

ချစ်လို့ပါညီ......ချစ်လွန်းလို့မုန်းစေချင်တာပါညီ

"Hmm......ကိုယ့်အချစ်ဦးကနှင်းဆီတွေသဘောကျတယ်လေ"

ညီကကိုယ့်အချစ်ဦးပါဆိုတာကိုယ့်မှာဖွင့်ပြောနိုင်ဖို့အခွင့်အရေးမရှိလို့ပါညီ......

ညီ့လက်ထဲကနှင်းဆီဖြူ လေးကကြမ်းပြင်ပေါ် ခ သွားရသည်ကိုမျက်ဝန်းထောင့်မှမြင်ပေမဲ့မမြင်ချင်ယောင်ဆောင်လိုက်သည်

ကိုယ်မျက်နှာသာမလွှဲလိုက်မိရင်ကိုယ့်မျက်ရည်တွေကိုညီမြင်သွားမှာလေ

"Yoon......Yoonအတွက်ရည်ရွယ်တဲ့နှင်းဆီကိုဘာလို့ကျတော့်ကိုပေးတာလဲ??"

အသံတွေပါတုန်ယင်နေသည့်ညီ အရမ်းဝမ်းနည်းနေပြီဆိုတာသိသည်
မဖြစ်ဘူးညီ ကိုယ့်အတွက်ဝမ်းမနည်းပါနဲ့

မထိုက်တန်ဘူးလေ ညီ......

Yoon...ဆိုတာကိုယ့်ခေါင်းထဲမှာတောင်ရှိခဲ့တာမဟုတ်ပေမဲ့ညီကိုယ့်ကိုမုန်းနိုင်စေဖို့သုံးပရစေလေ

"Yoonက မင်းလိုပဲ
ပါးချိုင့်လေးပါတယ် မင်းလိုရိုးသားတယ် သိမ်မွေ့နူးညံ့တယ် ကလေးလေးလိုပဲအရမ်းချစ်ဖို့ကောင်းတယ် "

C a l l o u s {Completed} Z And UDonde viven las historias. Descúbrelo ahora