C a l l o u s (13)

2K 158 4
                                    

"ချစ်တယ် ညီ..."

ဒီအချိန်ဆိုညီတယောက်အခန်းထဲမှာဘာတွေလုပ်နေပြီများလဲ တွေးရင်းပျော်မိသား

ညီကဒီလိုခမ်းနားတဲ့နေရာမျိုးကိုအိပ်မက်တောင်မမက်ဖူးခဲ့မှန်းကိုယ်သိတယ်လေ

ညီ သူ့အိပ်ယာကိုပဲသဘောကျနေမှာများလား

ဒါမှမဟုတ် ငယ်ငယ် က ညီ့လက်လေးကိုဆူးစူးစေခဲ့တဲ့နှင်းဆီနီပန်းအိုးကိုပဲနမ်းရှိုက်နေမလားး

အခန်းကိုသဘောတကျလှည့်ပတ်ကြည့်နေမလား ဆိုတဲ့အတွေးတို့ကခေါင်းထဲတဖြတ်ဖြတ်ဝင်လာသည်နှင့်နှုတ်ခမ်းစပ်တို့ကအလိုလိုတွန့်သွားရတယ်

အကြိမ်ကြိမ်အခါခါပြောချင်နေတဲ့စကားလုံးအချို့​ကိုညီ့ကွယ်ရာမှာကိုယ်အမြဲပြောနေခဲ့ပါတယ်

ညီတယောက်ကြားပါလေစ

"Boss park chanyeolရောက်ပါပြီ"

တခါးခေါက်သံနှင့်အတူညီ့နာမည်လေးကြားတာနဲ့ရင်ထဲပီတိဖြစ်သွားရပေမဲ့အေးစက်တဲ့ပုံကိုပြဖို့ဓားမြှောင်တခုကိုသာလှည့်လို့ဆော့ကစားနေလိုက်တယ်

ပစ်မှတ်ကတော့ကိုယ့်နှလုံးသားလေး

ဟုတ်တယ်
ညီ့စီကအမုန်းတွေရဖို့ကြိုးစားနေတဲ့ရူးမိုက်တဲ့နှလုံးသားလေးကိုသာပစ်မှတ်ထားချင်မိတယ်

"ဝင်ခဲ့"

မျက်ခွံတို့ကိုအသာပိတ်ကာစိတ်ကိုလျှော့ချလိုက်ပြီးခပ်မာမာပုံစံမျိုးဆက်ဆံနိုင်အောင်ကြိုးစားရသည်မှာကိုယ့်အတွက်သိပ်ခက်ခဲလှသည်

(ဇုတ်)

လွမ်းနေရတဲ့ခြေသံလေးကိုပြန်ကြားရတဲ့အခါမှာလက်ထဲကဓားကိုပစ်မှတ်စီသို့ဦးတည်လိုက်ပြီးးထိုင်နေရာမှထကာညီ့ကိုမျက်နှာချင်းဆိုင်လိုက်သည်

တခါမှမမေ့နိုင်ခဲ့သောညီ့ပုံရိပ်ဟာကိုယ့်နှလုံးသားထဲစွဲမြဲစွာ

ရီလိုက်တိုင်းပါးပြင်အိအိမှာပေါ်လာတဲ့ပါးချိုင့်လေးတွေဟာကိုယ်အမြတ်နိုးဆုံးအရာ

ကိုယ်အနှစ်သက်ဆုံးအရာ

ညီပျော်ရွှင်တာကိုပဲကိုယ်အမြဲကြည့်ချင်နေခဲ့တာပါညီ

C a l l o u s {Completed} Z And UWhere stories live. Discover now