(C a l l o u s 8)

387 31 0
                                    

"ဘာဖြစ်လို့ပြုံးစိစိလုပ်နေတာလဲ Yeol??"

"!ah~~Arni"

ဒီလောက်ထိန်းချုပ်နေသည့်ကြားမှပါးချိုင့်ကခွက်နေတာအထင်းသားမှန်းသူပြောမှသတိထားလိုက်မိသည်
ဟုတ်သည်လေ

သူလိမ်ပုံကြီးကလဲရီစရာကောင်းနေသည်ကိုးး

"ဒါနဲ့လေ...ဘာလို့ခြံထဲမှာနှင်းဆီတွေပဲစိုက်ထားတာလဲဟင်"

Wuyifanဆိုသောလူသားနူးညံ့သည့်လူသားလဲမဟုတ်ပဲဘာကြောင့်များနှင်းဆီတွေပျိုးထားရသည်ကိုနားမလည်သောကြောင့်မေးလိုက်တော့သူကပြတင်းပေါက်မှခြံထဲကနှင်းဆီပန်းခင်းစီအကြည့်လွှဲရင်း

"Hmm......ကိုယ့်အချစ်ဦးကနှင်းဆီတွေသဘောကျတယ်လေ"

ထိုစကားကလက်ထဲကနှင်းဆီလေးပြုတ်ကျသွားရသည့်အပြင်ကိုယ့်နှလုံးသားလေးလဲမြေခကွဲကြေသွားသလိုခံစားလိုက်ရသည်

တဆစ်ဆစ်နာလာသောရင်အစုံနဲ့အတူစကားလုံးတွေလဲပျောက်ဆုံးသွားသည်အထိနာကျင်သည်

"...Yoon...Yoonအတွက်ရည်ရွယ်တဲ့နှင်းဆီကိုဘာလို့ကျတော့်ကိုပေးတာလဲ"

တုန်ယင်နေသည့်နှုတ်ခမ်းဖျားမှကိုယ်မေးချင်သောမေးခွန်းတခုထွက်လာအောင်မနည်းကြိုးစားမေးလိုက်ရသည် သိပ်နာသည်

ဒီရင်ကိုဓားနဲ့အကြိမ်ကြိမ်ထိုးသွင်းသကဲ့သို့နာသည်

ခုတော့ ကိုယ့်မျက်နှာမှာအပြုံးရိပ်တွေကကွယ်ပျောက်သွားခဲ့ရပြီ

ပျော်ရွှင်နေခဲ့ရသည့်ခဏအချိန်လေးမှာသူ့အချစ်ဦးပါဝင်နေသည်ဆိုသောကြောင့်သိပ်မုန်းသည်

ကျတော်မေးလိုက်တဲ့မေးခွန်းအတွက်ကျတော့်ရင်ကိုအစိမ်းလိုက်ထိုးခွဲခံလိုက်ရသလိုခံစားရမယ်သာဆိုရင်မေးခွန်းကိုမေးမိမှာမဟုတ်ဘူး

"...yoonကမင်းလိုပဲ
ပါးချိုင့်လေးပါတယ်
မင်းလိုရိုးသားတယ်
နူးညံ့သိမ်မွေ့တယ်
ကလေးလေးလိုပဲအရမ်းချစ်ဖို့ကောင်းတယ်"

တလုံးချင်းကိုအေးဆေးစွာပြောပြနေသည့်သူဟာအကြည့်တွေကတော့ကိုယ့်စီတွင်ရှိမနေပဲနှင်းဆီတို့ကိုငေးကြည့်၍ပြုံးလျက်သာ

C a l l o u s {Completed} Z And UWhere stories live. Discover now