ကြိုး-2

1.4K 73 3
                                    

"Grasshopperလို့​​ခေါ်တဲ့ဓားခုတ်​​ကောင်​ဟာ
Jumping typeရဲ့Example ဖြစ်​တယ်​။
Grasping type ရဲ့Insect​တွေဟာspurs
နဲ့spines​တွေပါတယ်​။Exampleက​တော့
Praying mantis ဖြစ်​တယ်​။
ဒီInsect ​လေးကိုWater boatmanလို့​ခေါ်တယ်​ သူ့မှာlong brushes hairနဲ့ flattened
partပါဝင်​တယ်​။Type က​တော့Swimming
Typeဖြစ်​တယ်​"

မျက်​စိ​ရှေ့ကအနိစ္စ​ရောက်​​နေတဲ့ အ​ကောင်​​လေး
တွေကိုကြည့်​ပြီး ဆရာ့အသံကိုမကြားတစ်​ချက်
ကြားတစ်​ချက်​။Practical ချိန်​မို့မတက်​မဖြစ်
တက်​​နေရ​သော်​လဲ လုံးဝစိတ်​မပါ။ခေါင်းကို
Dusterရန်​မှကာကွယ်​ရန်​သာ မျက်​လုံးကို ပုရစ်
ကြည့်​သလို ကျိုင်း​ကောင်​ကြည့်​သလို ကစား​ပေး ​နေရသည်​။ဆရာ့ကိုတစ်​ချက်​ရှိုးလိုက်​​တော့
မိမိကိုဘုကြည့်​ကြည့်​​နေသည်​မို့ အာရုံစိုက်​ကာ
နား​ထောင်​လိုက်​သည်​။

"Antennaeက အမျိုးမျိုးရှိတယ်​။
Filiformလို့​ခေါ်တဲ့ အမျှင်​ပုံစံ
Moniliformလို့​ခေါ်တဲ့ ပုတီး​စေ့ပုံစံ
Serrateလို့​ခေါ်တဲ့ လွှပုံစံ
Clavateလို့​ခေါ်တဲ့ တင်းပုတ်​ပုံစံ
Capitateလို့​ခေါ်တဲ့ ​ခေါင်းတစ်​လုံးပဲရှိတဲ့ပုံစံ
Lamellateလို့​ခေါ်တဲ့ အရွက်​ပုံစံ
ကျန်​တာ​တွေကိုဆက်​ရှာလာခဲ့ပါ။ဒီ​နေ့​တော့
ဒီ​လောက်​ပါပဲ။"

"ဟူး" ပြီးပြီ။ကျန်​တဲ့အတန်း​တွေဆက်​မတတ်
တော့။ကျွန်​မIm Yoonaသည်​အမှတ်​မရလျှင်
ဘာမှမလုပ်​ချင်​။သူများ​တွေကလက်​ချာ အချိန်
မပျက်​ရဲကြ။ဘာလုပ်​မှာလဲ။စာ​တွေကdictionary ထဲကကြည့်​ရင်​ တစ်​အုပ်​လုံး
ကိုယ့်​ဘာသာဖတ်​လို့ရ​နေတာပဲ။ကျောင်း​ခေါ်
ကြိမ်​ပြည့်​ရင်​​တော်​​ရော​ပေါ့။ည​နေField
ဆင်းချိန်​ရှိ​သော်​လဲ ပျက်​ရ​တော့မည်​။
........................................................................
ဒီနားတဝိုက်​မှာအရင်​က​တောအုပ်​​လေးသာရှိ
သော်​လဲ ယခုအခါအ​ဆောင်​​တွေမှိုလို​ပေါက်​လာ
သည်​။အ​ဆောင်​​နေသူများမှာ လူစုံလှသည်​။
ကျောင်းသူ​ကျောင်းသားများ၊စက်​ရုံအလုပ်​သ
မားများ၊​ဈေးသည်​များ၊အိမ်​မှနှင်​ချခံရသူများ
စသည်​ စသည်​ဖြင့်​။
မိန်းက​လေးချည်းသီးသန့်​ရှိသလို၊​ယောက်ျား
လေးချည်းသီးသန့်​လဲရှိသည်​။အားလုံး​ပေါင်း
ပြီး​နေရသည့်​အ​ဆောင်​​တွေလဲရှိသည်​။ထိုအခါ
မျိုးတွင်​ ဖြစ်​ချင်​တိုင်းဖြစ်​ကြ၍ အလွန်​သရုပ်
ပျက်​လှသည်​။
Yuri ​နေသည့်​တိုက်​ခန်းမှာ သူတို့အရင်​အိမ်​​လေး နှင့်​ကပ်​ရပ်​ဖြစ်​သည်​။သူ့အဘွားဆုံး​တော့
အရင်​အိမ်​​လေးကို​ရောင်းချပြီး တိုက်​ခန်းငှါး​နေ
သည်​။ကျွန်​မအိမ်​မှာလာ​နေဖို့ ​ပြော​တော့ သူကခါးခါးသီးသီးငြင်းသည်​။ဘယ်​သူ့ဆီကမှအကူအညီ မလိုချင်​ဘူးတဲ့။အချိန်​ပိုင်းအလုပ်
တွေတရစပ်​လုပ်​နေရသည့်​သူ့ကို အလွန်​သနား မိသည်​။
ကျောင်းပြီး​တော့ဝါသနာတူသည့်​ကျွန်​မတို့ နှစ်
ယောက်​စိုက်​ပျိုး​ရေး​မေဂျာ ယူကြသည်​။အတန်း
တူ၊အခန်းတူ၊Section တူသည့်​ကျွန်​မတို့နှစ်
ယောက်​မှာ တစ်​​ယောက်​နှင့်​တစ်​​ယောက်​အ
လွန်​ချစ်​ကြသည်​။ကျွန်​မကသူ့ထက်​တနှစ်​ကြီး
ပေမယ့်​ သူနဲ့​ကျောင်းတူတူတက်​ချင်​၍ စာ​မေးပွဲ
ကျ​အောင်​တမင်​​ဖြေခဲ့လိုက်​သည်​။ထိုအရာကို
ဘယ်​သူမှမသိ။သူအပါအဝင်​​ပေါ့။ကျွန်​မ မရူး
ပါဘူး။ချစ်​​နေမိလို့။သူ့​အ​ပေါ်အဖြူ​ရောင်​မဟုတ်
တဲ့​မေတ္တာ​တွေ ထား​နေမိခဲ့လို့ပါ။သူက​တော့
သိမယ်​မထင်​ပါဘူး။ အ​တွေး​တွေလွန်​လာလိုက်​တာသူ့တိုက်​ခန်း​ရှေ့ကို​ဘယ်​လို​ရောက်​လာမှန်းမသိ​တော့။လူ​ခေါ်ဘဲလ်​ကို အ​ခေါက်​​ခေါက်​အခါခါ နှိပ်​​နေ​ပေမယ့်​ မဖွင့်​​ပေး။မဟုတ်​ဘူး
မဖွင့်​​ပေးနိုင်​တာ။ကျွန်​မရိပ်​မိသည့်​အတိုင်းမှန်​​နေပြီမို့passwordကိုရိုက်​နှိပ်​ပြီး ဖွင့်​ဝင်​လိုက်
သည်​။Passwordမ​ပြောင်းတာ ​တော်​ပါ​သေး
သည်​။
"Yuri"
ပြန်​ထူးသံမကြားရ
"Yul"
အ​ခြေအ​နေ​တော်​​​တော်​ဆိုး​နေတယ်​ထင်​ပါရဲ့။
လက်​ထဲကအထုပ်​​တွေကို စားပွဲ​ပေါ်ခနတင်​ခဲ့
ကာ အိပ်​ခန်းထဲသို့ဝင်​သွားမိသည်​။

ကြိုးWhere stories live. Discover now