ကြိုး-(15)

795 77 32
                                    


အိမ်​စာမပြီး​သေး၍ ကူး​ရေး​နေတုန်း စားပွဲ​ပေါ်
လာ​အုပ်ေ​သာ လက်​တစ်​စုံ​ကြောင့်​ ​မော့
ကြည့်​လိုက်​သည်​။
မှုန်​ကုပ်​ကုပ်​မျက်​နှာ​ပေးနဲ့ ညှို့ မျက်​ဝန်းပိုင်​ရှင်
မိန်းက​လေးတစ်​​ယောက်​။
သူ့ကိုမကြည့်​ပဲ ​​ဘေးက​နေ​ဖြေး​ဖြေးသာ ဖြတ်
သွားသည်​။
ထို​တော့မှ စားပွဲ​ပေါ်တွင်​စာတစ်​​စောင်​ကျန်​​နေ
ကြောင်းသိလိုက်​သည်​။
ရေးလက်​စ​ဘောပင်​ကို ခနချပြီး စာကိုဖွင့်
ဖတ်​လိုက်​သည်​။

(အချိန်​​ပြောင်းရင်​ ​ကျောင်း​ခေါင်​မိုးဆီတက်​လာ
ခဲ့ ​ပြောစရာရှိတယ်​)

ဘယ်​လို​ကောင်​မ​လေးလဲ
အ​ကြောက်​အလန့်​မရှိလိုက်​တာ
ဟိုတ​နေ့ကမှ သူ့ကို​သေ​အောင်​လုပ်​ထားတဲ့
ယောကျာ်း​လေးတစ်​​ယောက်​ကို နှစ်​​ယောက်​ထဲ
တွေ့ရဲသလား?
မုန်းသည်
ထိုမိန်းက​လေးကို ​သေ​လောက်​​အောင်
မုန်းသည်​.....

"Hay အိမ်​စာ​တွေမပြီး​သေးဘူး​ပေါ့​လေ"

ပြုံးစစ​ပြောလာ​သော Yoonaအသံကြားမှ
သတိဝင်​လာသည်​။
တွန့်​ချိုးထား​သော မျက်​ခုံးများလဲ ပုံမှန်​ပြန်​ဖြစ်
သွားသည်​။
သူ​ခေါင်းညိတ်​ပြလိုက်​​တော့ နှုတ်​ခမ်းရွဲ့ပြကာ
စာသင်​ခုံဆီသို့​လျှောက်​သွားသည်​။

မုန်းသည်
Yuriဆိုသည့်​ ​ကောင်​မ​လေးမျက်​နာညှိုး​နေရင်
Yoona ပျာယာခတ်​တတ်​တာ သူမုန်းသည်​။
Yuriဆိုသည့်​​ကောင်​မ​လေး မျက်​ရည်​ဝဲ​နေရင်
Yoona ငိုရှိုက်​တတ်​တာ သူမုန်းသည်​။
Yuriဆိုသည့်​​ကောင်​မ​လေး နာကျင်​​နေရင်
Yoonaပါ လိုက်​နာကျင်​တတ်​တာ သူမုန်းသည်​။

Yuriဆိုသည့်​​ကောင်​မ​လေးကို Yoona​သေ
မတတ်​ချစ်​​နေတာ သူအရမ်းမုန်းသည်​။

...........................................................

အုတ်​​ဘောင်​​ပေါ် လက်​နှစ်​ဖက်​​ထောက်​ရင်း
Yuriကို ​စောင့်​​နေလိုက်​သည်​။
သူ ဒီ​ပေါ်​ရောက်​​နေတာ တနာရီ​လောက်​ရှိပြီ။
အတန်းမတက်​ချင်​တာထက်​ ရယ်​ရယ်​​မော​မော
စကား​ပြော​နေသည့်​ Yoonaတို့မျက်​နာ​တွေကို
မကြည့်​ချင်​တာက ပိုသည်​။
ပြော​တော့ သူငယ်​ချင်းပါတဲ့။
ဟွန်း
သူ သိတာ​ပေါ့။
Yoonaကို ချစ်​မိတည်းက အကုန်​စုံစမ်းထား
ပြီးသား။
အရမ်းချစ်​မိသွားလို့ ဟုတ်​တာ​တွေ​ရော
မဟုတ်​တာ​တွေ​ရော အကုန်​လုပ်​ပြီး
အ​ဖြေ​တောင်းခဲ့တာ။
ချစ်​သူရှိ​နေတာ သူမမှုပါဘူး။
ဒါ​ပေမယ့်​ သူစီစဉ်​ထားတဲ့အတိုင်းဆို Yoonaက
သူ့ကို အရမ်းချစ်​လာရမှာ​လေ။
ခုချိန်​ထိ Yuriအ​ပေါ်စိတ်​မပြတ်​နိုင်​​သေးတာ
သူဘဝင်​မကျ ။
Yoonaနဲ့ Yuriနှစ်​​ယောက်​ကြားမှာ ချည်​ထားတဲ့ ကြိုးက​တော်​​တော်​ခိုင်​သည်​။

ကြိုးWhere stories live. Discover now