ကြိုး-4

1K 74 9
                                    

ဒီ​နေ့​ကျောင်းမှာ Presentation လုပ်​ရမည်
ဖြစ်​၍Yoonaတ​ယောက်​​ကျောင်းမှာ အ​စောကြီး
ရောက်​​နေသည်​။

Yuriက​တော့ ​ကျောင်းတက်​ခါနီး​မှ တ​ယောက်
တည်း​​ရောက်​ချလာသည်​။Yoonaနဲ့မ​ခေါ်​တော့
တဲ့​နောက်​ပိုင်းYuriမှာတ​ယောက်​တည်းပဲ သွား
လာသည်​။Yoonaစိတ်​မချ​ ​ပေမယ့်​ Yuriဘက်​ကခါးသီး​နေ​သော​ကြောင့်​လျစ်​လျူရှု ထားလိုက်​သည်​။

Yuriကသူများနဲ့လဲမ​ပေါင်းတတ်​ပါ။ထို့​ကြောင့်
အထီးကျန်​မှုမှာဆိုးသထက်​ဆိုးလာသည်​။
အဆိုးဆုံးက​တော့သူကQueenဖြစ်​သည့်​အပြင်
Siwonနဲ့လဲတွဲလိုက်​​တော့ ​ကောင်​မ​လေး​တွေ
အတွက်​Monsterဖြစ်​သွားတာ​ပေါ့။

Yoonaတ​ယောက်​လက်​ကစာရွက်​ကြီးကိုင်
လျက်​ အ​တွေး​တွေပြန့်​ကြဲ​နေမိသည်​။

ထိုစဉ်​ဆရာဝင်​လာ​တော့တတန်းလုံးထကာနှုတ်​ဆက်​ကြသည်​။

Teacher-"ကဲ Im Yoona ဆရာဖတ်​ခိုင်းလိုက်​တဲ့စာ abbreviateလုပ်​ပြီးပြီလား "

Yoona-"nae"

Teacher-"ဒါဆိုရင်​​ရှေ့ထွက်​ပြီး ရှင်းပြလိုက်​ပါ
ဦး"

Yoonaကိုယ်​ဟန်​အ​နေအထားနဲနဲပြင်​ကာ
အတန်း​ရှေ့ထွက်​လာသည်​။

Yoona-"အဟမ်း ​ခု​ပြောရမယ့်​အ​ကြောင်းအရာ
ဟာဆိုရင်​ဖြင့်​ ​မွေးကာစက​လေး​တွေသွားယား
ရင်​လဲကိုက်​လို့ရ၊ကြီးလာလို့လှချင်​ရင်​လဲ ​ပေါင်း
တင်​လို့ရ၊အပျင်း​ပြေလဲကိုက်​စားလို့ရ၊အရံဟင်း
အဖြစ်​နဲ့လဲစားလို့ရတဲ့ Cucumber​ခေါ်သခွား
သီးအ​ကြောင်းပဲဖြစ်​ပါတယ်
သခွားသီးနဲ့ပက်​သက်​ပြီး
ပြောရမယ်​ဆိုရင်​​တော့
Botanical Nameမှာ Cucumis Sativus
ဖြစ်​ပြီး​တော့ Familyမှာ Cucurbitaceae
ဖြစ်​ပါတယ်​ Origin ကကျွန်​မတို့လက်​ရှိ​နေထိုင်
တဲ့ အ​ရှေ့​တောင်​အာရှဖြစ်​ပါတယ်
မျိုးကွဲ​တွေဟာဆိုရင်​ဖြင့်
သခွားကြား၊ယာသခွား၊ကိုင်းသခွား၊ကျွန်းသခွား၊သခွားချိုနဲ့သခွားချဉ်​တို့ဖြစ်​ပါတယ်
သခွားသီးကို သဲဆန်​တဲ့နုန်း​မြေ​တွေမှာစိုက်​ပျိုး
မယ်​ဆိုရင်​ဖြင့်​ အ​ကောင်းဆုံးဖြစ်​ပါတယ်​ သင့်
လျော်​တဲ့PHက​တော့5.5 က​နေ
6.7ဖြစ်​ပါတယ်
နွေရာသီမှာစိုက်​ပျိုးနိုင်​ပါတယ်​ ​မိုးကြီးတဲ့ဒဏ်​နဲ့ နှင်းဒဏ်​မခံနိုင်​ပါဘူး
တောင်​ကုန်း​ဒေသ​တွေမှာစိုက်​နိုင်​ပါတယ်
Fertilizer applicationအ​နေနဲ့ တစ်​ဧကကို
နွား​ချေး လှည်း​ပေါင်း၁၅စီးနဲ့​မြေသြဇာကို basal
fertilizerအ​နေနဲ့အသုံးချနိုင်​ပါတယ်
ကျ​ရောက်​နိုင်​တဲ့ ​ပိုးမွှား​ရောဂါ
တွေက​တော့ နွား​ချေးပိုး၊ပျပိုး၊ပိုးဖလံ၊ကြမ်းပိုး၊
ရွက်​မျဉ်းလုံးပိုး​တွေဖြစ်​ပါတယ်​ ဒီပိုး​တွေအတွက်
Diazinon၊Malathion၊Sumithionအစရှိ
တဲ့​ပိုးသတ်​​ဆေး​တွေသုံးနိုင်​ပါတယ်​ စိုက်​ပျိုးပြီး
၇၅ရက်​မှာရင့်​မှည့်​ကြပါတယ်​ တစ်​ဧကကို
ပေါင်​ ၂၀၀၀၀​လောက်​ထွက်​ပါတယ်
ဟုတ်​ကဲ့ ကျွန်​မ​ပြောချင်တာက​တော့ဒီ​လောက်
ပါပဲ
ယခုတင်​ပြသွားတဲ့အထဲမှာ မရှင်းတာရှိပါ
သလား"

ကြိုးWhere stories live. Discover now