ကြိုး-(14)

747 80 17
                                    


နေ​ရောင်​ခြည်​ကို သူမုန်းသည်​။
အလင်း​ရောင်​ကို သူမုန်းသည်​။
ပါတီပွဲ​တွေကို သူမုန်းသည်​။
Welcome​တွေကို သူမုန်းသည်​။
အထိမ်းအမှတ်​​နေ့​တွေကို သူမုန်းသည်​။
ရယ်​​မော​ပျော်​ရွှင်​​နေကြသူ​တွေကို သူမုန်းသည်​။
ခရီးသွားရခြင်းကို သူမုန်းသည်​။
ထမင်းစားရခြင်းကို သူမုန်းသည်​။
အဖွဲ့လိုက်​​ဆောင်​ရွက်​ရခြင်းကို သူမုန်းသည်​။
သူအမုန်းဆုံးက လူ​တွေနဲ့ဟန်​​ဆောင်​ပြီး
ဆက်​ဆံရခြင်းဖြစ်​သည်​။


ညကို သူကြိုက်​သည်​။
အ​မှောင်​ကို သူကြိုက်​သည်​။
မိုးအုံ့ခြင်းနှင့်​မိုးရွာခြင်းကို သူကြိုက်​သည်​။
တိတ်​ဆိတ်​ခြင်းကို သူကြိုက်​သည်​။
လူမရှိတဲ့​နေရာကို သူကြိုက်​သည်​။
တ​ယောက်​တည်း​နေရခြင်းကို သူကြိုက်​သည်​။
ကော်​ဖီခါးခါး​သောက်​ရခြင်းကို သူကြိုက်​သည်​။
ငြိမ်​သက်​ခြင်းကို သူကြိုက်​သည်​။
အပြင်​​လောကကြီးအား မမြင်​ရခြင်းကို
သူကြိုက်​သည်​။
အကျီအမည်း​တွေကို သူကြိုက်​သည်​။
ဆန္ဒရှိသလိုစိတ်​ကူးယဉ်​​နေရခြင်းကို သူကြိုက်
သည်​။
သူ အကြိုက်​ဆုံးက အိပ်​စက်​ခြင်းဖြစ်​သည်​။


Yuriသည်​ ​လူ့​လောကတွင်​တစ်​​ယောက်​ထဲ
နေထိုင်​ရမည့်​ကံဇာတာပါသည်​။
တောအုပ်​နှင့်​နီး​သော အိမ်​က​လေးထဲတွင်
အချိန်​ပြည့်​ဘုရားရှိခိုး​နေ​သော အဘွားနှင့်​အတူ
နေခဲ့ရသည်​။
ရပ်​ကွက်​ထဲက က​လေး​တွေနှင့်​​ပေါင်းဖို့လဲစိတ်
ကူးမရှိ။
သူဝါသနာပါတာ ကစားခြင်းမဟုတ်​။
တွေး​ခေါ်ခြင်း.....
လူ​တွေဘယ်​က စ​ပေါ်ခဲ့သလဲ။
တချို့ ကအာဒံနဲ့အင်းဝမှ စတင်​​ပေါ်​ပေါက်​ခဲ့
သည်​ဟု ဆိုသည်​။
ဒါဆိုအာဒံက ဘယ်​ကစ​ပေါ်ခဲ့သလဲ။
ဤအယူအဆသည်​ ဖြစ်​နိုင်​​ချေမရှိ။
တချို​က ​မျောက်​​တွေမှ စတင်​​ပေါ်​ပေါက်​ခဲ့သည်
ဟု ဆိုသည်​။
ဒါဆို ​မျောက်​​တွေ ဘယ်​ကစ​ပေါ်ခဲ့သလဲ။
ဤအယူအဆလဲ ဖြစ်​နိုင်​​ချေမရှိ။
တချို့က​တော့ ဗြဟ္မာများမှ စတင်​​ပေါ်​ပေါက်​ခဲ့
သည်​တဲ့။

(ဤ​နေရာတွင်​ ဗုဒ္ဓဘာသာ အယူအဆထည့်
ရေးပါမည်​)
သူငယ်​ငယ်​က တရားစခန်းဝင်​ဖူးသည်​။
ကျန်​တဲ့အရာ​တွေသိပ်​မမှတ်​မိ​သော်​လဲ တရား
ပေးဆရာတစ်​ဦး၏ ရှင်းပြချက်​ကို​တော့ယခု
တိုင်​ နားထဲကြား​ယောင်​​နေမိ​သေးသည်​။
သတ္တဝါဆိုသည်​မှာ ပထဝီ၊အာ​ဘော၊​တေ​ဇော၊ဝါ​ယော၊ကံ၊စိတ်​၊ဥတု၊အာဟာရ ဟူ၍
ဓာတ်​ကြီး​လေးပါးဖြင့်​ ဖွဲ့စည်းထားသည်​။
သတ္တဝါတခု သ​န္ဓေယူလျှင်​ ကလာလ​ရေကြည်
မှစတင်​​ပေါ်​ပေါက်​ရသည်​။
ကလာလ​ရေကြည်​ကို ပုံ​ဖော်​ရမည်​ဆို​သော်
ခေါင်း​ပေါ်ရှိဆံချည်​မျှင်​ တမျှင်​ကိုဆွဲယူပြီး
ဆီခွက်​ထဲနှစ်​ရမည်​။
နှစ်​​နေ ရာမှပြန်​ဆွဲထုတ်​ပြီး သုံးချက်​ခန့်​ခါရ
မည်​။
ထိုအခါတွင်​ ဆံချည်​မျှင်​​ပေါ်ဍ်​ရှိ​​နေ​သေး​သော
ဆီ​ပေါက်​​လေးကို စစ်​ချယူရမည်​။
ဤမျှ​လောက်​​သေးငယ်​​သော ဆီ​ပေါက်​​လေးနှင့်
ကလာလ​ရေကြည်​သည်​ အရွယ်​အစားတူပါ
သည်​။
သေးငယ်​လွန်း၍ မျက်​စိနှင့်​မြင်​ဖို့ရာ​တောင်​ခဲ
ယဉ်းပါသည်​။
ထိုကလာလ​ရေကြည်​မှ တဖြည်းဖြည်းသတ္တဝါ
တခု​ပေါ်​ပေါက်​လာကာ သံသရာသစ်​စတင်
တော့သည်​။
မြတ်​စွာဘုရား​ဟောခဲ့သည်​က​တော့
ကမ္ဘာပျက်​လျှင်​ နတ်​ပြည်​​ခြောက်​ထပ်​​၊လူ့ပြည်​၊
ငရဲကြီးခုနစ်​ထပ်​လုံးပျက်​စီး၍
လူ၊နတ်​၊တိရစ္ဆာန်​၊ငရဲသားများသည်
ဗြဟ္မာပြည်​သို့ ​ခေတ္တခဏ​ပြောင်း​နေရမည်​။
ကမ္ဘာသစ်​ပြန်​စ​သောအခါ ထိုသတ္တဝါများ
လူ့ပြည်​သို့ပြန်​​ရောက်​လာကာ မျိုးဆက်​သစ်
တွေ​မွေးထုတ်​ရမည်​။
လူ့ပြည်​​ရောက်​လာသည့်​ သတ္တဝါများသည်
ဗြဟ္မာပြည်​တွင်​​နေခဲ့ကြ၍ မွန်​မြတ်​သန့်​စင်​ပြီး
သီလစင်​ကြယ်​ကြသည်​။
မနာလိုဝန်​တိုမှုလဲမရှိ၊​လောဘ ​ဒေါသ ​မောဟ
လဲမရှိ၊​ကိုယ်​ကျင့်​တရား​ဖောက်​ပြားမှုလဲမရှိ။
ထို့​ကြောင့်​ ​မြေဆီ​မြေလွှာများကပင်​ အာဟာရ
ဖြစ်​သည်​။
အာယုကပ်​​တွေရှည်​ကြသည်​။
ကျန်းမာသန်​စွမ်းကြသည်​။
ရွှင်​လန်းဖျတ်​လပ်​ကြသည်​။
သက်​တမ်း​စေ့​အောင်​​နေကြရသည်​။
ရှေးလူကြီးတို့​ပြောစကားရှိသည်​။

ကြိုးWhere stories live. Discover now