ကြိုး-(6)

901 60 1
                                    

အိပ်​​ပျော်​ခါနီးက​လေး ပုခုံးကိုခပ်​ဆတ်​ဆတ်
လှုပ်​နှိုး​နေသည်​​ကြောင့်​ မျက်​လုံးဖွင့်​ကြည့်​​တော့
ပြူးပြူးကြီးစိုက်​ကြည့်​​နေ​သော Sooyoung။

"နင်​သိပြီးပြီလား Yuriနဲ့Siwonလမ်းခွဲလိုက်
ပြီတဲ့"

သူနှုတ်​ခမ်းတွန့်​ရုံက​လေး​ပြုံးပြလိုက်​​တော့
ပါးနပ်​သည့်​Sooyoung ချက်​ချင်းရိပ်​မိသွား
သည်​။

"နင်​တို့နှစ်​​ယောက်​က....."

"ဟုတ်​တယ်​"

ဟောင်း​လောင်းဖြစ်​​နေ​သောပါးစပ်​ထဲသို့ ခဲဖျက်
တစ်​တုံးထည့်​လိုက်​သည်​။ဖွီးခနဲ​ထွေးလိုက်​ပြီး
တော့ မျက်​လုံးပြူးကြီးနဲ့စိုက်​ကြည့်​ပြန်​သည်​။

"သူ့ဘက်​ကအရင်​ဖွင့်​​ပြောတာလား"

"Omm "

"Wow Kwon Yuriတို့ကမထင်​ရဘူး​နော်​"

"​နေစမ်းပါဦး ငယ်​ငယ်​ထဲက​ပေါင်းလာတဲ့ငါ
တောင်​မရိပ်​မိတာ တက္ကသိုလ်​စတက်​မှသိတဲ့
နင်​တို့ကဘယ်​လိုသိ​နေတာလဲ"

"အသိသာကြီးကို နင်​သာ အ လို့မသိတာ"

Yoonaစိတ်​မသက်​သာစွာ ​ခေါင်းခါမိသည်​။

"ကန်​တင်းသွားရ​အောင်​"

"Yuriကိုမ​ခေါ်​တော့ဘူးလား"

"မ​ခေါ်​တော့ဘူး Sunnyကိုသာ​ခေါ်လာခဲ့
ငါနင့်​တို့ကို​ပြောစရာရှိတယ်​"

ကန်​တင်း​ရောက်​​တော့Yoonaက ​Yuri၏ဘဝအပြည့်​အစုံကို မုန့်​စား​နေရင်း​ပြောပြသည်​။

Yuri၏အ​ဖေတွင်​ physothullusလို့​ခေါ်တဲ့
စိတ်​​ရောဂါရှိသည်​။ကမ္ဘာ့လူဦး​ရေ၏ 7%ခန့်
မှာ ထို​ရောဂါခံစား​နေရသည်​။ကုရန်​​ဆေးမရှိ။
ရောဂါ၏အ​ခြေအ​နေမှာ
မိမိကိုမိမိအလွန်​အထီးကျန်​​နေသည်​ဟု ခံစား
နေရခြင်း၊သူတပါးတို့​ပျော်​ရွှင်​​နေသည်​ကို မနာ
လိုရှုစိမ့်​ခြင်း၊မိမိချစ်​ခင်​​သော လူတစ်​​ယောက်​ကို
အခြားမည်​သူနှင့်​မျှ အဆက်​စပ်​မလုပ်​​စေလို
ခြင်း၊သူတပါးမှမိမိကို ​ပြောလာသည့်​စကားအ
ပေါ်မှန်​ကန်​စွာ သုံးသပ်​နိုင်​မှုအားနည်းခြင်း၊
သူတပါးအားနာကျင်​​အောင်​လုပ်​၍ဖြစ်​​စေ ရန်
ဖြစ်​၍ဖြစ်​​စေ Attentionရယူခြင်း၊မိမိအား
ချစ်​ခင်​သူတစ်​ဦးမှ မိမိအခြားသူနှင့်​​ရှိ​နေခြင်း
အ​ပေါ်သဝန်​တိုခြင်းအား သာယာကြည်​နူးခြင်း၊
မိမိ၏ထိခိုက်​ဒဏ်​ရာ နာကျင်​မှုအ​ပေါ် တစုံတ
ယောက်​ကထပ်​တူခံစားရသည်​ကို ဝမ်းသာ
ပျော်​ရွှင်​ခြင်း၊မိမိအ​ပေါ်ချစ်​မြတ်​နိုးသူ၏ ဂရု
စိုက်​မှုကို တစ်​ဦးတည်းပိုင်​ဆိုင်​လိုခြင်းဖြစ်​သည်​။
ဤ​​ရောဂါမှာ အရမ်းကြီးမဆိုးဝါးဘဲ​တော်​​တော်
ကိုယဉ်​ပါး​သော​ကြောင့်​ ခနတာဆက်​ဆံကြည့်
ရုံမျှ ဖြင့်​မသိနိုင်​​ပေ။
Yuri​ကို​မွေးပြီးပြီးချင်းမှာပင်​ လင်​မယားနှစ်
ယောက်​အလုပ်​ကိစ္စနဲ့ခရီးထွက်​ခဲ့ကြသည်​။
Yuriအ​ဖေက အလုပ်​မှာ Mrs.Kwonကို
အခြား​ယောက်ျား
တစ်​ဦးနဲ့သဝန်​တိုအထင်​မှားပြီး ကား​မောင်း​နေ
ရင်းစကားများရန်​ဖြစ်​ကြ​လေရာ တဖက်​တွင်
လာ​နေ​သော ကုန်​တင်​ကားကိုမမြင်​ဘဲတိုက်​မိ
လေသည်​။မိဘနှစ်​ဦးလုံးဆုံးသွားသည်​ဆိုတာ
ကို အဘွားဖြစ်​သူမှာ​မြေးက​လေးအားမ​ပြော
ရက်​ခဲ့။အ​ကြောင်းမှာ​မြေးဖြစ်​သူထံ ဖခင်​၏
အ​မွေ​လော ကျိန်​စာ​လောမသိနိုင်​သည့်​ စိတ်
ရောဂါဆိုးကြီး ကျန်​ရစ်​ခဲ့​လေပြီဟုသိရှိခဲ့ခြင်း
ကြောင့်​ဖြစ်​သည်​။
ဤသည်​ကို Yoonaအရွယ်​​ရောက်​လာ​တော့
ပြောပြခဲ့​သည်​။အဘွား၏​နောက်​ဆုံးအချိန်​မှာ
လဲ Yuriကို​ကြည့်ရှု​ရန်​မှာကြားသွားခဲ့
သည်​။Yuri​ဘေးတွင်​ သူကလွဲ၍ဘယ်​သူမှမရှိ
တော့ဟုသိလိုက်​ရသည့်​အချိန်​မှစ၍ သူ့ဘဝ
တွင်​အ​ရေးကြီးဆုံးမှာ Yuriဖြစ်​လာသည်​။
ထိုမှတဆင့်​ ချစ်ရသူအဖြစ်​နှလုံးသားက လက်
ခံမိလာသည်​။ထို့​ကြောင့်
Yoonaနှင့်​Yuri ရန်​ဖြစ်​ထား​သောကာလ
အတွင်းမှာပင်​ ​မမြင်​နိုင်​​သောအရပ်​မှ တိတ်​တဆိတ်​ ​စောင့်​​ရှောက်​​ပေးခဲ့သည်​။

ကြိုးWhere stories live. Discover now