ကြိုး-(11)

732 68 6
                                    


"Yuri ခန ခန​လေး"

Taeyeonရဲ့​ခေါ်သံ​ကြောင့်​ ဆတ်​ကနဲလှည့်
ကြည့်​လိုက်​သည်​။စာအုပ်​​တွေ ကပိုကယိုကိုင်
ထားပုံ ​ထောက်​ရင်​သူ့​နောက်​ကို​ပြေးလိုက်​လာ
တာထင်​ပါရဲ့။

"ဘာဖြစ်​လို့လဲ"

"ငါတို့​​လေ ကန်​တင်းခနသွားကြရ​အောင်​ ငါ
နင့်​ကို​ပြောစရာရှိတယ်​ အချိန်​ရရဲ့ လား"

"ရပါတယ်​"

ကန်​တင်းသို့​လျှောက်​လာ​သောလမ်းတွင်
Taeyeonမှာ အ​နေရခက်​​နေပုံ​ပေါက်​တာ
ကြောင့်​ သူကပဲအ​ကြောင်းရှာစကား​ပြော​ပေး
လိုက်​သည်​။
-
-
-
-
-
-

"ငါကနိုင်​ငံ​တော်​အလံမဟုတ်​ဘူး​နော်​ ​ပြောစရာ
ရှိရင်​​ပြော​လေ"

ကော်​ဖီခွက်​ကိုအကြိမ်​​ပေါင်းများစွာ​မွှေ​နေ​ပြီး
ခေါင်းငုံ့ထား​သော Taeကိုခပ်​မာမာ​မေးလိုက်
သည်​။

"ဟို​လေ Yoonaကသူတို့အိမ်​မှာအမျိုး​တွေ
ရောက်​​နေလို့တဲ့ အဲ့ဒါနှစ်​ပတ်​​လောက်​​တော့
အိမ်​မှာ​နေရမယ်​တဲ့ ဒီ​နေ့လဲ​လေ တူမ​လေး
တစ်​​ယောက်​​နေမ​ကောင်းလို့​ဆေးခန်းလိုက်​ပို့
ပေးရတာတဲ့"

Yuriကမဲ့ပြုံးတချက်​ပြုံးပြီး အ​ဝေးဆီသို့မျက်​နာ
လွှဲလိုက်​သည်​။Taeစကားကို မယုံဘူးထင်
တယ်​။မှုန်​မှိုင်းရီ​ဝေ​နေ​သော
Yuriမျက်​နာကို​သေချာကြည့်​​နေမိသည်​။

"ငါဘဝတစ်​​လျှောက်​လုံး Yoonaကလွဲပြီး
ဘယ်​သူ့ကိုမှ ရင်းရင်းနှီးနှီးစကားမ​ပြောဖူးဘူး
ဒီ​နေ့​တော့ ငါ့ရင်​ထဲကခံစားချက်​​တွေကိုနင့်​ဆီ
ရင်​ဖွင့်​ချင်​တယ်​ နား​ထောင်​​ပေး​နော်​"

Yuriစကားက အမိန့်​ဆန်​​နေ​သော်​လဲTae
မငြင်းမိဘဲ ​ခေါင်းညိတ်​ပြလိုက်​သည်​။
ဆိုင်​ထဲတွင်​ လူများရှင်းစပြု​နေပြီး Westlife
အဖွဲ့၏ The Roseသီချင်းကိုဖွင့်​ထား​သော
ကြောင့်​ စိတ်​အပန်း​ပြေမှုရရှိ​လေသည်​။

"ငါရဲ့ Psychoအ​ကြောင်း နင်​သိပြီးသာဖြစ်​မှာ
ပေါ့ ဒါ​ပေမယ့်​နင်​တို့သိတာ ငါယူဆတာနဲ့မတူ
ဘူး ငါတို့လိုလူမျိုး​တွေက ကမ္ဘာ့လူဦး​ရေနဲ့စာ
ရင်​ သဲပွင့်​​လောက်​ပဲရှိ​ပြီး​ ​နေရာ​ဒေသအမျိုးမျိုး
မှာရပ်​တည်​​နေကြတယ်​ ​မွေးကတည်းက
ပတ်​ဝန်းကျင်​နဲ့ဘယ်​လိုမှ အံဝင်​ခွင်​ကျမဖြစ်​ကြဘူး အဓိကအချက်​က ငါတို့ဟန်​မ​ဆောင်​တတ်
ဘူး ​​ပြောချင်​တာကစိတ်​ထဲကမပါဘဲ မဆက်​ဆံ
တတ်​ဘူး လူတစ်​​ယောက်​ကိုစိတ်ရင်းနဲ့​ပေါင်း
ကြည့်​လိုက်​တယ်​ သူလိုအပ်​တာ​တွေတတ်​နိုင်
သမျှ ကူညီ​ပေးတယ်​ ဒါ​ပေမယ့်​ကြာကြာ​ပေါင်း
တော့ သူတို့ရဲ့ တကိုယ်​​ကောင်းစိတ်​ဓာတ်​ကို
သိလာရတယ်​ အ​ပြောချိုချို နဲ့ဝမ်းထဲကတစ်​မျိုး
ဖြစ်​​နေတာ​တွေကို ငါတို့ငယ်​ငယ်​​လေးကတည်း
ကသိ​နေကြတယ်​ လူ​တွေအ​ကြောင်းပိုသိလာ
တာနဲ့ အမျှ လူ​တွေနဲ့ မပတ်​သက်​ချင်​​တော့ဘူး
အဟင်း မပတ်​သက်​ဖို့ဆိုရင်​ သင်္ချိင်းကုန်းမှာပဲ
သွား​နေရမှာ​လေ အဲ့ဒါ​ကြောင့်​ကြိတ်​မှိတ်​ပြီး
သည်းခံ​နေကြတာ နင်​တို့အမြင်​က​တော့
မ​ပေါင်းတတ်​ မသင်းတတ်​၊ဘုဂလန့်​၊ဂွကျတယ်
ပေါ့"

ကြိုးDonde viven las historias. Descúbrelo ahora