ကြိုး-(8)

768 58 6
                                    

Seung Gi ကသူ​ဌေးသားက​လေးပါ။
ဒါ​ကြောင့်​လဲ ရုပ်​ရည်​ကဒီ​လောက်​သန့်​ပြန့်​​နေတာဖြစ်​မှာ။အ​ဖေ​ရောအ​မေ​ရော ဆရာဝန်​တဲ့။
သူ့ကျမှ ဘာလို့စိုက်​ပျိုး​ရေးယူလဲဆို​တော့
ဝါသနာ ပါလို့တဲ့​လေ။လူဆန်းက​လေး။

အခန်းက​လဲ ​ယောက်ျား​လေး​နေတဲ့အခန်းလို့
မထင်​ရ။အ​တော်​က​လေးသန့်​ပြန့်​​နေသည်​။
Yuri က​တော့ ဖြစ်​သလိုသာ​နေတတ်​သည်​။
အိမ်း သူကစာမလိုက်​နိုင်​ဘူးသာ​ပြောတာ။
ကျွန်​မထက်​​တောင်​သိ​နေပါ​ရောလား။မဟုတ်
မှလွဲ​ရော သူကျွန်​မကို....

"Yoona ထမင်းစားပြီးမှ ပြန်​ရမယ်​​နော်​"

"အမယ်​ ​အမိန့်​​ပေးတာလား"

"No No No ​တောင်းဆိုတာပါဗျ"

စား​တော့ စားချင်​ပါရဲ့ ။ဟိုက​လေးကို ဘယ်​လို
လုပ်​ရမလဲ။အို သူ့ဘာသာသူစားမှာ​ပေါ့။

"Ok​လေ"

လူချမ်းသာတို့၏ ထမင်းဝိုင်းမှာ အ​တော်​ပင်
ခမ်းနားလှသည်​။ဟင်း​တွေကလဲ ဘုရင်​တည်
တဲ့ပွဲ​တော်​ အလားပင်​။
ဇွန်​ခရင်းကို ကျင်​လည်​စွာကိုင်​၍စား​နေ​သော
ကောင်​​လေးမှာ တမျိုး​လေးစမတ်​ကျ​နေပြန်
သည်​။

"​စား​ကောင်းရဲ့ လား သမီး​လေး"

"​ကောင်းပါတယ်​ အန်​တီ"

"​အေး ​အေး များများစားကွဲ့ သားကိုလဲမလိမ္မာ
တာရှိရင်​ ဆုံးမဦး​နော်​"

"ဟာ အ​မေကလဲဗျာ"

သူကဂုတ်​ကိုလက်​ဖဝါးနှင့်​ ပွတ်​ကာ ရှက်​ရယ်
ရယ်​​နေ​လေသည်​။ဘယ်​လိုကြီးလဲ။
မ​ဖြစ်​​ချေဘူး။ပြောစရာရှိတာ ​ပြောထားမှ။

အပြန်​လဲ သူကပင်​လိုက်​ပို့​ပေးသည်​။
အလည်​​ခေါ်ချင်​​ပေမယ့်​ Yuriနဲ့ဓာတ်​မတည့်
မည်​စိုး၍ မ​ခေါ်ဖြစ်​​တော့။

"​ကျေးဇူးတင်​ပါတယ်​ဗျာ"

"ရပါတယ်​ ကူညီနိုင်​တာရှိရင်​​ပြောပါ"

"ဟုတ်​ကဲ့ သွားခွင့်​ပြုပါဦး"

"Nae"

ထိုကား​လေး မြင်​ကွင်းထဲက​ပျောက်​သွားမှ
အ​ပေါ်တက်​လာခဲ့သည်​။Yulကို​ချော့ဖို့
ကိတ်​မုန့်​​လေးကိုင်​ထားရင်းနဲ့​ပေါ့။

ကြိုးWhere stories live. Discover now