ကြိုး-(16)

748 83 20
                                    


ဒီ​နေ့ Yoonaထူးဆန်း​နေသည်​။
ခါတိုင်းဆို ဧည့်​ခန်းနှင့်​ မီးဖို​ချောင်​ကလွဲပြီး
ကျန်​တဲ့​နေရာ မျက်​​စောင်း​တောင်​မထိုး။
တကယ်​ဆို သူ့အိမ်​​တောင်​သိပ်​မလာဖြစ်​။
ခု​တော့ ​သူ့အခန်းကို လည်​ပတ်​တဲ့အပြင်
မြေ​အောက်​ခန်းရှိရင်​ ဝင်​ကြည့်​ချင်​ပါတယ်​တဲ့။
သူ့လုပ်​ရပ်​​တွေ ဘာမှမသိတဲ့ အ​မေက​တော့
ဝင်​ခွင့်​ပြုလိုက်​သည်​။
သူ​ချွေး​ဇော​တွေ ပြန်​​နေပါပြီ။
ဖြေး​ဖြေး​လေး​လျှောက်​​နေ​သော်​လဲ ခရီး​ပေါက်
လွန်းသည်​ဟု ထင်​မိသည်​။
ဖြစ်​နိုင်​ရင်​ အချိန်​​တွေကိုရပ်​တန့်​ထားချင်​မိ
သည်​။
ဒုက္ခဆိုတာ ဒါမှအစစ်​။
တကယ်​လို့ ​မြေ​အောက်​ခန်းထဲက ပစ္စည်း​တွေကို Yoonaသိသွားရင်​......

"Yoona ​မြေ​အောက်​ခန်းက မရှင်းရ​သေး
တော့ အ​ကောင်​ပ​လောင်​​တွေများတယ်
နောက်​​နေ့မှ ကြည့်​ပါလား"

"အခုကြည့်​ချင်​လို့ပါဆို
သန့်​ရှင်း​နေတဲ့ အခန်းက​ဘာထူးဆန်းမှာမို့လဲ
တို့က Seung Giရဲ့ ငယ်​ဘဝကို သိချင်​လို့ပါ
ဆို"

တကယ်​က ​မြေ​အောက်​ခန်းထဲမှာ သူ့ငယ်​ဘဝ
တွေ ရှိ​နေတာမဟုတ်​။
ဖော်​ပြဖို့ အင်​မတန်​ဆိုးယုတ်​သည့်​ အရာများ
သာ အခန်းထဲအပြည့်​။
ညစ်​ညမ်းသည့်​လုပ်​ရပ်​မှန်​​ပေမယ့်​ Yoona
ကို သူအရမ်းချစ်​​နေလို့ ဒီလို​တွေလုပ်​မိတာပါ။
ဒါကို သူကလွဲရင်​ တစ်​ကမ္ဘာလုံးမှာ Yuriတစ်
ယောက်​ပဲသိသည်​။
Yoona​ပြောပုံအရ Yuriက ပုံမှန်​မဟုတ်​တဲ့
ဦး​နှောက်​သမား။
ပုံမှန်​ မဟုတ်​တာက ဥာဏ်​​ကောင်းလွန်​သွား
တာများလားဟုပင်​ သံသယဖြစ်​မိသည်​။
ထို​ကောင်​မ​လေး သူ့အ​ကြောင်းကို ဘယ်​လို
စုံစမ်းလိုက်​လဲမသိ။
ခုလဲ Yoonaကို​ပြောလိုက်​ပြီဆိုတာ ​သေချာ​နေ
ပြီ။
Yoonaကလဲ ​ဆေးအင်း​တွေကို ဘယ်​လိုပဲမယုံ
ကြည်​​နေပါ​စေ Yuriက​ပြောလာ​တော့ အနည်း
ငယ်​ နားဝင်​သွား​လောက်​သည်​။
သူ မှားသွားတာ။
Yuriကို လူငှါးပြီး ​စော​စောရှင်းလိုက်​ရမှာ။

"​မြေ​အောက်​ခန်းက မ​ရောက်​နိုင်​​သေးဘူး
လားဟင်​"

သူ Yoonaကိုလှည့်​ပတ်​​ခေါ်လာ​နေသည်​မှာ
တစ်​နာရီ​လောက်​ပင်​ ရှိပြီ။
အိမ်​၏ ပုံစံက ထူးဆန်းပြီးကြီးမားလို့သာ
တော်​​သေးသည်​။
အခန်း​တွေကလဲ ဆင်​တူတူရှိပြီး ဂို​ထောင်​​ပေါင်း
များစွာ စမ်းသပ်​ခန်း​ပေါင်းများစွာနဲ့ တည်
ဆောက်​ထားသည့်​ အိမ်​ကြီးတွင်​ ​မြေ​အောက်
ခန်းတစ်​ခန်းထဲရှိတာ​တော့ သူအတွက်​ကံဆိုး
သွားသည့်​ အချက်​တစ်​ချက်​။

ကြိုးWhere stories live. Discover now