သာမန်စာရွက်ဖြူ လေးတစ်ရွက်ပေါ်မှာ
လက်မှတ်လေးတစ်ချက်ထိုးဖို့ ဘာလို့ဒီလောက်
နာကျင်နေရတာလဲ.....
မင်နီလေးတစ်ချောင်းကို ကျစ်နေအောင်
ဆုပ်ကိုင်ထားရင်း အတန်ကြာငိုင်နေမိသည်
ရအောင်ကယ်ပေးမယ်ဆိုရင် ဒီလိုလုပ်ဖို့မလို
ဘူးမလား....
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိကြဘူးလား...
သူနာပြုဆရာမလေးက ကြုံ ဖန်များပြီမို့လား
မသိ....
သူ့ကို နှစ်သိမ့်ပြုံးလေးပြုံးပြရင်း နားလည်လာ
အောင်ရှင်းပြသည်။"အစ်မတို့ အတတ်နိုင်ဆုံးကြိုးစားမှာပါ
ဒါပေမယ့် လူတစ်ယောက်ရဲ့ ကံတရားဆိုတာ
ခန့်မှန်းလို့မရဘူးဆိုတာလေ
မတော်တဆဆိုတာ လူတိုင်းကြုံ တတ်တာပဲ
အဲ့ဒီ့အခါကျရင် မလိုလားအပ်တဲ့ပြသနာတွေ
ကျရောက်လာမှာစိုးလို့ ကြိုတင်ကာကွယ်ထား
တာပါ
စိတ်ချပါ ညီမ
ဆရာဝန်ကြီးတွေက လူနာအသက်ရှင်ဖို့
ရေကုန်ရေခမ်း ကြိုးစားမှာပါ""ဟုတ်ပါတယ် Yoonaရယ်
ဆရာမတို့ကိုရဲရဲ ယုံလိုက်စမ်းပါ
ပြီးတော့ အချိန်ကြာသွားရင်လဲ Yuriအတွက်
မကောင်းဘူးလေ"ထိုတော့မှ မျက်ရည်များဖြင့် စိုရွှဲနေသော
စာရွက်ပေါ်မှာ ရေးထားသည့်
*မတော်တဆအသက်သေဆုံး
ခဲ့ပါလျှင် ခွဲစိတ်ဆရာဝန်နှင့်တကွသူနာပြု များ
အား တရားစွဲဆိုခြင်းမပြုလုပ်ပါ* ဟူသော
စာသား၏ အောက်တွင် သဘောတူကြောင်း
လက်မှတ်ထိုးလိုက်လေသည်။
Yulရဲ့ ဘဝမှာ မိမိကလွဲပြီး ဘယ်သူမှမရှိ။
ဒါကြောင့် အုပ်ထိန်းသူနေရာမှာ လက်မှတ်ထိုး
ရခြင်း ဖြစ်သည်။
လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်သော်လဲ
နှလုံးသားကိုခက်ရင်းနဲ့ဆွနေသလိုပင်။Sooyoungက စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့သူ့ကို
ခွဲစိတ်ခန်းရှေ့က ခုံတန်းလေးပေါ်ထိုင်ခိုင်း
သည်။
သူ Sooyoungရဲ့ လက်မောင်းကိုဆုပ်ကိုင်
ရင်း ပခုံးပေါ်မှီထားလိုက်သည်။
ငိုရသည်မှာ မောလှပြီ။
တိတ်ဆိတ်မှုက ကြီးစိုးနေသဖြင့် နာရီသံ
တဂျောက်ဂျောက်ကို အတိုင်းသားကြားနေရ
သည်။
အထဲကိုဘာမှမမြင်ရသော တံခါးကြီးကိုကြည့်
ပြီး Yuriအဆင်ပြေပါစေဟု တတွတ်တွတ်တိုင်
တည်နေမိသည်။
ပင်ပန်းမှုကြောင့် မျက်လုံးကိုစုံမှိတ်ချ
လိုက်တော့ တခါက Yulပြောသောစကားများ
ကို ကြားယောင်လာမိသည်။
YOU ARE READING
ကြိုး
Fantasyသံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်