ကြိုး-(12)

651 58 4
                                    


မှန်​ထဲက သူ့ပုံရိပ်​ကို ထပ်​ကာထပ်​ကာကြည့်​၍
ချောလှချည်​တကားဟု ပီတိဖြစ်​​နေမိသည်​။
ဘဲဥပုံမျက်​နာရှည်​​မျော​မျောကို
ဆံပင်​ရှည်​​ပျော့​ပျော့​ပျောင်း​ပျောင်းက သပ်​ရပ်​စွာ ဝန်းရံထားပြိီး ထင်​ရှားလှပ​သောလည်​တိုင်
ကို​ပေါ်လွင်​​စေ​သော လည်​ဟိုက်​ဂါဝန်​ရှည်​နီနီ
ကိုဝတ်​ဆင်​ထား​သော Im Yoonaမှာ အရင်​က
Im Yoonaနဲ့တခြားစီဟုသူထင်​မိသည်​။
နီခမ်းနီရဲရဲကို ဆွဲ​ဆောင်​မှုရှိ​အောင်​ဆိုးထားပြီး
နှင်းဆီနံ့​ရေ​မွှေးကို ပခုံးနှင့်​လက်​​ကောက်​ဝတ်
တွင်​အနဲငယ်​ဆွတ်​လိုက်​သည်​။
ပြည့်​စုံရဲ့ လား~~~
ဒီ​နေ့က သူနဲ့ပထမဆုံး​လျှောက်​လည်​မှာမလို့
လို​အပ်​မှုမရှိ​တဲ့ အလှဆုံးမိန်းက​လေးဖြစ်​ချင်​​နေ
မိသည်​။

"အမ​လေး သမီးရယ်​ သူငယ်​ချင်း​တွေနဲ့​လျှောက်
လည်​တာ ဒီ​လောက်​ထိပြင်​ဖို့လိုလို့လား"

အသံမ​ပေး ဘာမ​ပေးနဲ့ရုတ်​တရက်​ ​​ပေါ်လာ​သော Omma​ကြောင့်​ အသည်းအူ​တွေပြုတ်
ကျမတတ်​ လန့်​သွားရသည်​။
သူတုန်​တက်​သွားတာမြင်​​တော့ မသင်္ကာတဲ့
မျက်​လုံး​တွေနဲ့လှမ်းကြည့်​သည်​။
ပုံမှန်​အ​နေအထား
ဖြစ်​​အောင်​ ဟန်​ပြင်​လိုက်​ရင်း

"Arr Yuriနဲ့သွားမှာ Ommaရဲ့ "

ထိုအခါမှ Ommaကသ​ဘော​ပေါက်​သွားဟန်
ဖြင့်​ မျက်​စိမှိတ်​ပြပြီး အပြင်​ထွက်​သွားသည်​။
Yuriသိရင်​ ဘယ်​လိုတုံ့ပြန်​လိမ့်​မလဲ။
စိတ်​ဆိုး​ဒေါသထွက်​ပြီး သူ့ကိုယ်​သူနာကျင်
အောင်​လုပ်​မှာလား။
မဲ့ပြုံးတချက်​ပြုံးပြီး မျက်​နှာလွှဲသွားမှာလား။
ဘာပဲဖြစ်​ဖြစ်​ Yulအ​ကြောင်း အခုမ​တွေးချင်​ပါ။
တွေးလဲမ​တွေးမိ​တော့ပါ။
တတင်​တင်​မြည်​လာ​သော ဖုန်းသံ​ကြောင့်​စိတ်
လှုပ်​ရှားပြီး အရာအားလုံးကို​မေ့သွား​သော
ကြောင့်​ဖြစ်​သည်​။

"ကိုယ်​လမ်းထိပ်​​ရောက်​​နေပြီ Yoongie"

"Yoongလဲ ပြီး​နေပြီ ထွက်​လာခဲ့မယ်​​နော်​"

"Ok Baby"

လက်​ကိုင်​အိတ်​ခရမ်း​ရောင်​​လေးကို ယူ၍ ခရမ်း
ရောင်​​ဒေါက်​ဖိနပ်​​လေးကို စီးကာ သူထွက်​လာ
ခဲ့သည်​။လမ်း​လျှောက်​ပုံမှာလဲ အရင်​ကထက်
ပျော့​ပျောင်း​နေသည်​ဟု သူ့ကိုယ်​သူထင်​မိ
သည်​။ရင်​ခုန်​တယ်​ဆိုတာထက်​ စိတ်​လှုပ်​ရှား
တယ်​လို့​ပြောရင်​ ပိုမှန်​မည်​။
သူ့ဘဝမှာ ​ယောကျာ်း​လေးတစ်​​ယောက်​နဲ့ပထမ
ဆုံးချိန်း​တွေ့ခြင်းပဲ​လေ။

ကြိုးWhere stories live. Discover now